ယခုအပတ်စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အများအပြား ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး မန်ချက်စတာယူနိုက်တက်၊ လီဗာပူး၊ ချယ်ဆီး၊ အာဆင်နယ်၊ စပါး၊ မန်စီးတီး စတဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးရေးရာကျွမ်းကျင်သူ ပေါလ်မာဆွန်ကတော့ ယခုအပတ် စနေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အဓိကပွဲစဉ်တွေအတွက် ပွဲကြိုခန့်မှန်းချက်တွေကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး
ဝက်စ်ဟမ်း Vs မန်ယူ
မန်ယူအသင်းက ပြီးခဲ့တဲ့အပတ်က ဝုုဗ်ကို အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။ အခု သူတို့ ဖလားပြိုင်ပွဲကနေလည်း ထွက်ခဲ့ရပါပြီ။ မော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ကြားမှာ အလုပ်လုပ်နေတာမျိုး မရှိပါဘူး။ သူတို့ကို ကြည့်ရတာမပျော်မရွှင်ဖြစ်နေပုံပါပဲ။ ကျွန်တော် ပေါ့ဂ်ဘာ လေ့ကျင့်ရေးကွင်းထဲကို ဝင်လာတဲ့အချိန်မှာ မော်ရင်ဟိုက သူ့ကို တစ်ခုခုပြောလိုက်တဲ့ဗီဒီယိုကို ကြည့်လိုက်ရတယ်။ အဲဒါက ကောင်းနိုင်မယ့်ပုံမဟုတ်ပါဘူး။ ရလဒ်တွေကြောင့််လည်း ပိုလို့တောင် အဆင်မပြေဖြစ်ခဲ့ကြတာပါ။ သူတို့သာ ပြီးခဲ့တဲ့ ၂ ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အဲဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အနိုင်ရရှိဖို့အတွက် အခွင့်အရေးရှိနေတဲ့ ဖလားပြိုင်ပွဲတွေထဲက တစ်ခုကနေ ထွက်ခဲ့ရပြီးပါပြီ။ အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကျွန်တော် စိုးရိမ်နေပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်- (ဝက်စ်ဟမ်း ၁-၁ မန်ယူ)
အာဆင်နယ် Vs ဝက်ဖို့ဒ်
ဝက်ဖို့ဒ်အသင်းကတော့ ကရာဘောင်ဖလားပြိုင်ပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို စိတ်ပျက်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီရာသီမှာ သူတို့တွေ တော်တော်ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက နိုင်ပွဲဆက်မှာပါ။ ကျွန်တော် သူတို့နိုင်မယ်လို့ပဲ မြင်နေတယ်။
ခန့်မှန်းပွဲပြီးရလဒ်- (အာဆင်နယ် ၂-၁ ဝက်ဖို့ဒ်)
ဟက်ဒါစ်ဖီးလ် Vs တော့တင်ဟမ်ဟော့စပါး
ကျွန်တော်ကတော့ တော့တင်ဟော့စပါးအသင်းဘက်ကပဲ။ အခုအချိန်မှာ သူတို့ဘာမှ အမှားလုပ်စရာမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီက သူတို့ ဟက်ဒါစ်ဖီးလ်ကို ဟယ်ရီကိန်းတစ်ယောက်တည်းနဲ့ ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိနေပါသေးတယ်။ ဟက်ဒါစ်ဖီးလ်အနေနဲ့ တတ်နိုင်သမျှ စပါးကို ယှဉ်ပြိုင်ကစားဖို့လိုအပ်နေပြီး စပါးကတော့ သူတို့ကို အလွယ်လေးအနိုင်ယူသွားနိုင်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်- (ဟက်ဒါစ်ဖီးလ် ဝ-၃ တော့တင်ဟမ်ဟော့စပါး)
မန်စီးတီး Vs ဘရိုက်တန်
မန်စီးတီးရဲ့ပြဿနာကဘာလဲဆိုတော့ နောက်အပတ်ရဲ့အလယ်မှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းအတွက် ဒီပွဲမှာ ဘယ်သူ့ကို ဘယ်လိုနေရာချရမလဲဆိုတာပဲ။ သူတို့ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် အဲဒါက ကွဲပြားခြားနားတဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သူတို့ ဟော့ဖန်ဟိမ်းကို အိမ်ကွင်းကို သွားပြီး မဖြစ်မနေ အနိုင်ယူရလိမ့်မယ်။ အခုပွဲကတော့ သူတို့ပဲ နိုင်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်- (မန်စီးတီး ၂-၀ ဘရိုက်တန်)
ချယ်ဆီး Vs လီဗာပူး
ဒီအပတ်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ပေါ့။ ခင်ဗျား ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အီဒင်ဟာဇက်က လက်ရှိအချိန်မှာ အကောင်းဆုံးရဲ့ အကောင်းဆုံးအဆင့်ကို ရောက်နေတယ်ဆိုတာ သံသယရှိစရာမလိုအောင် မြင်ခဲ့ပြီးပြီမဟုတ်လား။ ဒါပေမယ့် ခင်ဗျား လီဗာပူးအသင်းအတွက် မိုဟာမက်ဆာလာ၊ ဖာမီနိုနဲ့ နောက်တန်း ၄ ယောက် ပြန်လာမှာကို မြင်နိုင်သေးပါတယ်။
ချယ်ဆီးအသင်းက စိတ်ပိုင်းဆိုင်ရာအရ အစွန်းဖက်မှာရှိနေမယ်လို့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးအသင်းက သူတို့ရဲ့နောက်တန်းလေးယောက်ကို အနားပေးထားတယ်။ အဲဒါက ဗုဒ္ဓဟူးနေ့တုန်းကနဲ့ လုံးဝကွဲပြားခြားနားတာဖြစ်လာလိမ့်မယ်။ ချယ်ဆီးအသင်းက ပထမပိုင်းမှာ အရမ်းကောင်းနေပြီး ဒုတိယပိုင်းမှာ လီဗာပူးအသင်းက ပြန်လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒါက သူတို့ကို(လီဗာပူး) 'ဟုတ်ပြီ။ ငါတို့ သူတို့ကို အနိုင်ယူလိုက်နိုင်ပြီ'လို့ ပြောဖို့ ယုံကြည်မှုကို ရစေနိုင်ပါတယ်။ ဒါပေမယ့် အဲဒါက လက်ဝှေ့ပွဲလိုမျိုးပဲ။ ဘယ်သူကမှ သူတို့ရဲ့ လက်က ဘယ်နေရာကို ရောက်မလဲဆိုတာ အမှန်တကယ်ပြမှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဟာဇက် မဝင်လာချင်အချိန်အထိပေါ့။ ခင်ဗျားက တွေးလိမ့်မယ်။ သူ့ကို ဘယ်လိုတားဆီးကြမလဲပေါ့။ လီဗာပူးအသင်းက တစ်ဖက် ၁ ဂိုးစီ သရေကျတာထက်စာရင် အဲဒီရလဒ်ကို ရရှိခဲ့တာက ပိုပျော်ရွှင်ခဲ့လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက သူတို့အတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုဖြစ်ခဲ့လိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်- (ချယ်ဆီး ၁-၁ လီဗာပူး)