ဒီနေ့ ကျင်းပတဲ့လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်မှ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများတာကြောင့် အတည်ပြုလိုက်ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့ပါတယ်။ အရေးကြီးအဆိုကို စက်ခလုတ်အသုံးပြုပြီး ဆန္ဒမဲပေးဆောင်ရွက်ခဲ့ရာ ထောက်ခံဆန္ဒမဲ(၄၁၄)မဲ၊ ကန့်ကွက်ဆန္ဒမဲ(၁၉၁)မဲနဲ့ ကြားနေဆန္ဒမဲ (၆) မဲ ရရှိခဲ့ပါတယ်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပြင်ဆင်ရေးလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မကွေးတိုင်း မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၉)ရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ထိုအဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က အတည်ပြုပေးဖို့ တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က