ခန္ဓာရှိတော့ခန္ဓာ့ဒုက္ခလေးတွေလည်း ရှိတာပေ့ါတဲ့။

 Regular Checkups လုပ်ရင်း ဆေးကုဖို့ ရောဂါ(၂)ခုပေါ်လာတယ်လို့ ဆိုပါတယ်။ ကျောက်ကပ်မှာ ကျောက်ပြန်တည်လို့တဲ့။

Photo : ထွန်းအိန္ဒြာဗိုလ်

အရင်ကလည်း ကျောက်ကပ်မှာ ကျောက်တည်ဖူးလို့ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ရတဲ့ ထွန်းအိန္ဒြာဗိုလ်က အခုလည်း ကျောက်ကပ်မှာ ကျောက်ပြန်တည်လို့ ဆေးပြန်ကုရမယ်လို့ ဆိုပါတယ်။ Regular Checkups လုပ်ရင်းနဲ့ ဆေးကုဖို့ ရောဂါ(၂)ခု ပေါ်လာခဲ့တယ်လို့ သူမက ပြောပါတယ်။

“Regular checkups လုပ်ကြတာ နောက်ဆက်တွဲ ဆေးကုဖို့ ၂ ခု ပေါ်လာတယ်လေ ။ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က ကျွန်မ ကျောက်ကပ်မှာ ကျောက်တည်လို့ ကျောက်ခြေတဲ့ အဆင့်နဲ့ မရပဲ operation လုပ်ခဲ့ဖူးတယ် ။ကျောက်တည်ဖူးတဲ့ သူတိုင်းက မတည်ဖူးတဲ့သူထက် တည်ဖို့ ၅၀% ပိုများတယ် တဲ့ ။လွန်ခဲ့တဲ့ ၇ နှစ် က တခါပြန်တည်တော့ ကျောက်ခြေတဲ့ အဆင့်နဲ့ ကု ခဲ့ဖူးပါတယ်။ အခု ထပ်တည်ပြန်တယ်လေ။စောစောသိခွင့်ရ လို့ size ကတော့ ခပ်သေးသေးမို့ အလွယ်တကူ ကုခွင့်ရပါမယ် ။နောက်ကုရမယ့် ကိစ္စ ကတော့ OG ကိစ္စပါ ။အရေးတကြီး မဟုတ်ပါဘူးရှင့် .. ခန္ဓာ ရှိတော့ ခန္ဓာ့ဒုက္ခ လေးတွေလဲ ရှိတာပေါ့” ဆိုပြီး မေလ(၂၈) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမရဲ့ ပရိသတ်တွေကလည်း အစစအရာရာ ပြန်အဆင်ပြေစေဖို့ ဆုတောင်းမေတ္တာလေးတွေ ပို့ထားကြပါသေးတယ်။ လက်ရှိမှာ သူမဟာ ဇာတ်ကားရိုက်ကူးတွေ နားထားကာ သားလေးအတွက် အချိန်ပေးဖြစ်နေတာ တွေ့ရပါတယ်။ အခုလာမယ့် မေလ(၃၀) ရက်နေ့မှာ သူမပါဝင်ထားတဲ့ "စရိုက်" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာ သူမနဲ့အတူ လူမင်း၊ကျော်ထက်အောင်၊နဲ့ ခိုင်သင်းကြည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo : ထွန်းအိန္ဒြာဗိုလ်

သူမ ဟာ ဂီတဘက်မှာလည်း အောင်မြင်တဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုတွေနဲ့ ထူးချွန်သူ တစ်ယောက် ဖြစ်ပါတယ်။

 ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က