၂၀၁၈ ခုနှစ်ထဲမှာတော့ အနုပညာရှင်တော်တော်များများက ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာ ၊ အမှုအခင်း ကိစ္စရပ်များစွာ ကြုံတွေ့နေရတဲ့ အပေါ် လူမင်းက အကြံပြုပြောပြလာပါတယ်။ အကြောင်းအရာတစ်ခုကို တောမီးလောင်သလိုပဲ ချက်ချင်း ပျံ့နှံ့မှုအားကောင်းတာကြောင့် တန်ပြန်သက်ရောက် မှု တွေကလည်း ချက်ချင်းမြန်ဆန်တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်ထဲမှာတော့ အနုပညာရှင်တော်တော်များများက ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာ ၊ အမှုအခင်း ကိစ္စရပ်များစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဟောင်းတစ်ဦးလည်းဖြစ်၊ အကယ်ဒမီသရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ လူမင်းက သူ့ရဲ့ အမြင်ကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
'' ဟိုးအရင် အဖြူနဲ့ အမည်း ခေတ်တွေကတည်းက ရှိခဲ့တာပါပဲ။ အဲ့ဒီတုန်းက ဖေ့စ်ဘွတ်တွေမရှိတော့ သတင်းစာတွေပေါ်မှာတက်ရေး ရတဲ့ အထိပေါ့။ မင်းသား မင်းသမီး ခိုးပြေးတဲ့ သတင်း၊ မင်းသားကြီးတွေ မယား ၃ ယောက်ရှိတဲ့သတင်း ဒါမျိုးတွေလည်း ဟိုးလေးတစ်ကျော် ရှိ ခဲ့တာပါပဲ'' လို့ ဆိုပါတယ်။
ခေတ်အဆက်ဆက် နည်းပညာတိုးတက်လာတာကြောင့် ဖေ့စ်ဘွတ်အသုံးပြုသူတိုင်းက သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိလာနိုင်တယ် လို့ လူမင်းက ပြောပါတယ်။ အကြောင်းအရာတစ်ခုကို တောမီးလောင်သလိုပဲ ချက်ချင်းပျံ့နှံ့မှုအားကောင်းတာကြောင့် တန်ပြန်သက်ရောက် မှု တွေကလည်း ချက်ချင်းမြန်ဆန်တယ်၊ ပြင်းလည်း ပြင်းထန်တယ်လို့ ပြောပြခဲ့ပါသေးတယ်။
'' အစ်ကိုအကြံပေးချင်တာကတော့ အနုပညာရှင်တွေမှ မဟုတ်ပါဘူး အားလုံးပေါ့ ဒီ Emotion ထဲမှာ ကိုယ့်တို့လူမျိုးတွေက စိတ်ခံစားချက်ကို ရှေ့တန်းတင်ကြတယ်။ သူများဒေါသထွက်ရင်တောင် ကိုယ်နဲ့မဆိုင်ပဲ ဒေါသလိုက်ထွက်နေတာမျိုး၊ သူများဝမ်းနည်းနေရင် ကိုယ်လည်း လိုက် ဝမ်းနည်းနေတာမျိုးပေါ့၊ ကြာရင် လူက လုံးပါး ပါးသွားဖို့ပဲ ရှိတယ်။ ကိုယ့်စိတ်ကို သတိလေးကပ်ပြီး သုံးမယ်ဆိုရင် ဘယ်နေရာမှာ မဆို နေလို့ရပါတယ်'' လို့ သူကဆိုပါတယ်။
ရုပ်ရှင်ကားတွေပေါက်ကြားမှုက အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ လူမင်း
လူမင်းက လက်ရှိခေတ်ကာလအရ ဖေ့စ်ဘွတ်ဟာ လူတွေအပေါ် လွှမ်းမိုးမှုအရှိဆုံးပဲ လို့ ပြောထားပါသေးတယ်။ လူမင်းဟာ သြဂုတ်လ ၁၇ ရက်နေ့မှာ ရုံတင်ပြသမယ့် လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂိုဏ်းစတား ခေါင်းဆောင် တစ်ယောက်ရဲ့ ဇာတ်ရုပ် အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင် အကယ်ဒမီလူမင်းဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌရာထူးကိုလည်း ထမ်း ဆောင်ခဲ့ပါတယ်။အခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးနေသလို ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။