ကုသိုလ်ရေးအတွက်ဆို တက်ကြွသူတစ်ယောက်ဖြစ်ပါတယ်။

ထူးအယ်လင်းက ပဲခူးတိုင်း. ဖြူးမြို့နယ် က အင်းပင်သာ ကျေးရွာမှာရှိတဲ့ ၉ တောင်ပြည့် စေတီတော်ကို ၁၈ တောင်ပြည့် စေတီဖြစ်အောင် ပြုပြင်မွမ်းမံမယ်လို့ ဆိုပါတယ်. သူကိုယ်တိုင်ကလည်း အလှူအတန်း. ပရဟိတ. ကုသိုလ်ရေးတွေနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်.

Photo: ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းက အခုလက်ရှိမှာတော့ ပဲခူးတိုင်း. ဖြူးမြို့နယ် က အင်းပင်သာ ကျေးရွာမှာရှိတဲ့ ၉ တောင်ပြည့် စေတီတော်ကို ၁၈ တောင်ပြည့် စေတီဖြစ်အောင် ပြုပြင်မွမ်းမံသွားမယ်လို့ ဆိုပါတယ်. ရွာသူ ရွာသားတွေရဲ့ ဖော်ရွေမှုကိုလည်း အခုလို ပြောပြလာပါတယ်.

''ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာယာရွာအရှေ့ အင်းပင်သာကျေးရွာရှိ ၉တောင်ပြည့်စေတီ ကို ၁၈ တောင် စေတီနှင့်ရင်ပြင်အပါ ဖြစ်ဖို့ ပြုပြင်မွမ်းမံမယ် ။ လွှတ်ကိုသာယာတဲ့ရွာလေး (ရွာသူ/ရွာသားတွေလည်းဖော်ရွှေပါ့ဗျာ) ထောက်ကြံမှဆိုင်ကယ်နှင့်သွားလျှင် ရွာအရောက် လေးနာရီခွဲမောင်းရတယ်) '' ဆိုပြီး တော့ ဒီဇင်ဘာလ ၁၆ ရက်နေ့ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

Photo: ထူးအယ်လင်း

အဆိုတော်ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ လက်ရှိမှာ ပရဟိလုပ်ငန်း တွေ တော်တော်များများကို ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ဦးဆောင်ပြီး မီးသဂြိုလ်စက်တွေ လှူဒါန်းခဲ့သလို နာရေး ကူညီမှု အသင်းအတွက် လူနာတင်ကားတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo: ထူးအယ်လင်း

အဲ့ဒီနောက် ဘုရား. စေတီပုထိုးတွေမှာလည်း ပြုပြင်မွန်းမံ တဲ့ ကုသိုလ်ရေးတွေ လုပ်ဖြစ်နေတာကိုတွေ့ရပါတယ်. အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ထူးအယ်လင်းက လက်ရှိမှာ ဂီတအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်ပါတယ်.

Photo: ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းက ပရဟိတအကျိုးတွေနဲ့ ကုသိုလ်ရေးတွေကို စွမ်းစွမ်းတမံဆောင်ရွက်နေသူဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ပြည် မြို့နယ် ကုန်တလင်းကျေးရွာအုပ်စု သဲဖြူရွာမှာရှိတဲ့ ရှေးဟောင်းမျှော်တော်မူ စေတီကို ပြုပြင်မွမ်းမံရနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က