အမေကိုယ်တိုင်လည်း အရမ်းစိတ်ပူခဲ့တယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သား ဘုန်းမင်းနေလ ဟာ ဝမ်းလျှောပြီး သွေးပါတာကြောင့် ရုတ်တရက် ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံက ဆင်းလာပြီး ကျန်းမာနေပြီဖြစ်တဲ့ ဘုန်းမင်းနေလက ဆေးရုံတက်ခဲ့ရတဲ့အကြောင်းရင်းနဲ့ သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။



 

ခင်ဇာခြည်ကျော်ရဲ့သားကြီး ဘုန်းမင်းနေလက ဇွန်လ ၂၅ ရက်နေ့က ဝမ်းလျှောပြီး သွေးပါတာကြောင့် ရုတ်တရက် ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။  ဇူလိုင်လ ၁ ရက်နေ့ ညက Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာတဲ့ ဘုန်းမင်းနေလက  သူ့ရဲ့ကျန်းမာရေးအခြေအနေကို Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ကျွန်တော်က စာကိုပုံမှန် မလုပ်ဘူးခင်ဗျ။ စာမေးပွဲအတွင်းကျမှ အစားမစားဘဲနဲ့ တစ်နေ့လုံး လုပ်နေတော့ အားနည်းပြီးတော့ မှောက်တာပေါ့။ အဲ့ဒီအချိန်မှာလည်း စာမေးပွဲ ပြီးပြီဆိုပြီးတော့ လွှတ်ကဲလိုက်တာ နှစ်ခုရောပြီး မှောက်သွားတာပဲ။ အရင်တစ်ခေါက်တုန်းကလည်း ဆေးရုံတက်ဖူးတယ်၊ ဆေးရုံတက်ရတာ မကောင်းဘူး၊ စားချင်တာလည်း စားလို့မရဘူး။ ကျွန်တော်ကတော့ မကြိုက်ဘူး'' လို့ သူက ဆိုပါတယ်။

 

ဘုန်းမင်းနေလ တစ်ယောက် ဆေးရုံတက်ခဲ့ရချိန်မှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ဖုန်းဆက်လှမ်းမေးကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို လည်း ဒီအင်တာဗျူးကနေတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

'' ဝိတ်ကျသွားတာတော့ ဆေးရုံကို ကျေးဇူးတင်ရမယ်။  ပိန်ချင်တာပေါ့ ကျွန်တော့်ကို နည်းနည်း ဝတယ်လို့ပြောနေကြတယ်။ ဆေးရုံကို လာတွေ့တဲ့ သူငယ်ချင်းတွေလည်းရှိတယ်။ ဖုန်းနဲ့လှမ်းမေးတဲ့သူငယ်ချင်းတွေလည်းရှိတယ်။ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အမေကိုယ်တိုင်ကလည်း အရမ်းစိတ်ပူသွားတယ်၊ စိတ်ပူပေးတဲ့အတွက်လည်း အမေ့ကို အရမ်းချစ်ပါတယ်'' လို့ ဘုန်းမင်းနေလက ဆိုပါတယ်။

အမေပျော်နေသ၍ ကျွန်တော်လက်ခံနိုင်ပါတယ်ဆိုတဲ့ ဘုန်းမင်းနေလ 

 

သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သားဦးရတနာဖြစ်တဲ့ ဘုန်းမင်းနေလ က လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပါဘူးတဲ့။ လက်ရှိမှာတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လုပ်မယ်လို့ Duwun media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော် Gym ဆော့မယ်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင် ကြိုးစားမယ်။ အခုလက်ရှိမှာလည်း ကျွန်တော့်ကို ဘာမှ ကမ်းလှမ်းထားတာတော့ မရှိသေး ပါဘူး။အမေ့ ထုတ်လုပ်ရေးကလည်း ရိုက်ဖို့ လိုသေးတော့ လောလောဆယ် အနုပညာအလုပ်တွေ လုပ်ဖို့ မရှိသေးပါဘူး'' လို့လည်း နောက်လုပ်မယ့်အစီအစဉ်တွေကိုလည်း ပြောပြပါတယ်။

 

ဘုန်းမင်းနေလကို သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိခဲ့ကြတာပါ။ လူချောလေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်များ ဝန်းရံမှုတွေ များပြားလှပါတယ်။ တက္ကသိုလ်ဝင်တန်းတက်နေတုန်းပဲ ရှိသေးတဲ့ ဘုန်းမင်းနေလကို မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်က အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်မပြုသေးဘူးလို့လည်း သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က