ဝက်ဝက်ကွဲအောင် ပွင့် ရုပ်ရှင်ကားကြီးထဲက ဖက်ရှင်အကြောင်းပါ။

ဥက္ကာမင်းမောင်က ဝေဖန်မှုတွေ ကြုံတွေ့နေရတဲ့ ဖက်ရှင်အပိုင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အဲဒီနောက် ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးလည်းဖြစ်၊ Gay တစ်ဦးလည်းဖြစ်တဲ့ Jonathan Van Ness နဲ့ ဥပမာ ပေးပြီးတော့လည်း ပြောပြထားပါသေးတယ်။

Photo: Oakkar Min Maung



က္ကာမင်းမောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဝက်ဝက်ကွဲအောင် ပွင့်’’ ရုပ်ရှင်ကားကြီး ဟာ သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး LGBT တွေကြားမှာ ဝေဖန်မှုတွေများစွာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေ အပေါ် ဥက္ကာမင်းမောင် က သူ့ရင်ထဲက ခံစားချက်အတိုင်း အခုလို ရင်ဖွင့်ပြောပြထားပါတယ်။

 ‘’ဥက္ကာမင်းမောင်LGBT တွေဘက်က အမြဲ ရပ်တည်တာ လူတိုင်းသိပါတယ်။ လှောင်ပြောင်လိုစိတ်မရှိပါ။ အဝတ်အစားကတော့ ဇာတ်ကောင်စရိုက်ပေါ်မူတည်ပြီး ကိုယ်ပိုင်စိတ်ကြိုက် ဖန်တီးခွင့် ဝတ်ခွင့်ရှိတယ်လို့ မြင်ပါတယ်။ တူတူရိုက်ခဲ့စဉ်တုန်းက ကျွန်တော့်မျက်စိထဲ မှာတော့ ကိုရန်လေးက ချစ်ဖို့ ကောင်းနေတာပဲ ကျွန်တော်ကလည်း ချစ်တဲ့စိတ် အကောင်းမြင်တဲ့ စိတ်နဲ့ပဲ ကြည့်ပါတယ်။ သူ လူဆိုးလို သရုပ်ဆောင်လည်း ကျွန်တော် မမုန်းဘူး။ သူမိန်းမလျာလို သရုပ်ဆောင်တဲ့ ကားတွေ ကြည့်ခဲ့တိုင်းလည်း ကျွန်တော်ကိုယ်တိုင် Gay ပေမယ့် ကိုယ့်ဘဝကိုယ် အလှောင်ခံရတယ်လို့ မမြင်ဘူး။ သူ့သရုပ်ဆောင်ပညာ တော်လိုက်တာလို့ပဲ မြင်တယ်။ တကယ့်ပါရမီရှင်ပါ။ သူဇာတ်ကောင်အပေါ် ဈာန်ဝင်ပြီး ဖန်တီးတီထွင်လိုက်တာလေးက တချို့ သော သူတွေ မျက်စိနဲ့ သဟဇာတ မဖြစ်လို့ နေမှာပါ။ ကျွန်တော့်မျက်စိနဲ့တော့ သဘောကျတယ်’’ လို့ သူကဆိုပါတယ်။

Photo: Oakkar Min Maung

အဲဒီနောက် ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ဖက်ရှင်တွေတိုင်းကို ဝေဖန်ပြောဆိုကြတဲ့ အပေါ်မှာလည်း တချို့အရာတွေကို နားလည်ပေးတယ်လိ့ု ဥက္ကာမင်းမောင်က ပြောပါတယ်။ ပရိသတ်တွေဘက်က ဝေဖန်ပိုင်ခွင့် ရှိတယ်လို့လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

‘’ကျွန်တော့်ရဲ့ နှူတ်ခမ်းမွှေးနဲ့ ဂါဝန်နဲ့ဝတ်တာ ကို ဝေဖန်နေတာတွေ တွေ့ပါတယ်။ ချစ်စရာလေးလို့ ပြောကြတာလဲ တွေ့ပါတယ်။ ကိုရန်လေးရဲ့ အဝတ်အစားတွေ အပြင်မှာ မဝတ်ကြဘူးလို့ ဆိုပြီး ဝေဖန်နေကြတာလည်း တွေ့ပါတယ်။ သဘောကျ ကြိုက်ကြတာလဲ ကြားပါတယ်။ လူတိုင်းလွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ အားပေးနှစ်ခြိုက်သူများကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဝေဖန်ကြသူတွေကလဲ LGBT တွေကို တစ်မျိုးထင်သွားစေမှာစိုးလို့ စေတနာနဲ့ ဂရုဏာနဲ့ ပြောတာ နားလည်ပါတယ်ခင်ဗျာ’’ လို့ ဆိုပါတယ်။

Photo: Oakkar Min Maung

ဥက္ကာမင်းမောင်က ကမ္ဘာကျော်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Jonathan Van Ness နဲ့ နှိုင်းယှဉ်ပြီးတော့ ဥပမာပေးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဝေဖန်နေကြတဲ့ ပရိသတ်တွေ နဲ့ အားပေးကြတဲ့ ပရိသတ်တွေရဲ့ အမြင်တွေ မတူနိုင်ဘူးလို့ ဆိုပါတယ်။

‘’ဒီပုံထဲ ကလူဆိုရင် Instagram မှာ follower 2.8 million ရှိတယ်.. Hairdresser/ televasion personality ပါ.. သူ့နာမည်ကို google လိုက်ရင် သူ့အကြောင်းတွေ့ပါလိမ့်မယ်.. သူ့ဘဝမှာ သူအောင်မြင်တယ်.. သူဝတ်ချင်တာ သူဝတ်တယ်.. attention လိုချင်လို့ပဲ ဝတ်ဝတ်.. သူကိုယ်တိုင် စိတ်ကျေနပ်လို့ပဲ ဝတ်ဝတ် .. သူ့ဘဝသူ confident ရှိရှိ public မှာ ဝတ်ရဲလို့ဝတ်တာ.. သူ ဘယ်သူမှ ဂရုမစိုက်ဘူး.. Emmy award လို red carpet မှာ ဝတ်ထားတာသာ ကြည့်ပေတော့။ Gay ပဲဖြစ်ဖြစ် straight ပဲဖြစ်ဖြစ် အဓိက ကိုယ့်ဘဝမှာ ကိုယ်အောင်မြင်နေဖို့ ကိုယ့်ဘဝကိုယ် confident ရှိစွာနေထိုင်နိုင်ဖို့က အဓိကကျတယ်လို့ ခံယူပါတယ်။ အဲ့ဒါ နိုင်ငံခြား ဒါ မြန်မာနိုင်ငံလေ ဆိုတဲ့ စကားနဲ့ defend ပြန်လုပ်မယ်ဆိုလည်း နားလည်ပါတယ်။ မြန်မာနိုင်ငံက လူ သန်းခြောက်ဆယ် ရဲ့ အတွေးအခေါ် သန်းခြောက်ဆယ်၊ ရှူထောင့် သန်းခြောက်ဆယ် ဘယ်လို နည်းနဲ့ မှ မတူညီနိုင်သလို ရုပ်ရှင်တစ်ကားသည်လဲ လူတိုင်းစေ့ စိတ်ကျေနပ်မှူ ကို မပေးနိုင်တာ အသေအချာပါပဲ။ ကိုယ့်မြန်မာနိုင်ငံမှာလဲ ဘယ်သူတွေ ဘယ်လို ဆန်းပြားစွာ ဝတ်စားနေတယ်ဆိုတာ ဘယ်သူမှ ခရေစေ့တွင်းကျမမြင်နိုင်ဘူး။ cele တွေ ဝတ်တာပဲ online မှာ တွေ့တာလေ။ ဒီဇာတ်ကောင်ရဲ့ အဆန်းအပြားတွေ ဝတ်တာ တချို့သော မြန်မာမျက်စိနဲ့ စိမ်းနေလို့ နေမှာပါ။အချိန်ရရင်ရသလို ပြပါဦးမယ်။ ကျွန်တော် အပြုသဘောဆောင်ပြီး ရေးခြင်းပါ။ 

#ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကား ရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်လို့ ကျွန်တော့် အမြင်ပြောခြင်းဖြစ်ပါတယ်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Oakkar Min Maung

ဝက်ဝက်ကွဲအောင်ပွင့် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ပြေတီဦး၊ ဥက္ကာမင်းမောင်၊ ထွန်းလွင်အောင်၊ ဝေလျှံ၊ မင်းဇေ၊ စိုးမြတ်သူဇာ၊ မိုးပြည့်ပြည့်မောင်၊ ဝတ်မှုံရွှေရည်၊ ယွန်းရွှေရည်၊ နန်းခင်ဇေယျာ နဲ့ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က