စိတ်ပင်ပန်းနေရပြီ။

ဟန်တီက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြင်တွေ့နေရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ ဒီဓာတ်ပုံအတွက် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

Photo: Facebook

အလှမယ် ဟန်တီက အေးနေဝင်းရဲ့ ပုံတူပန်းချီကို လက်ဆောင်အဖြစ်ပေးနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဒီဓာတ်ပုံရဲ့ အကြောင်းအရာကိုလည်း သူမကိုယ်တိုင်က ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’လူတိုင်းကို ရိုးသားပွင့်လင်းစွာ ခင်မင်တတ်သော ဟန်တီနှင့်မေမေတို့ကြောင့် ယခုအခါတွင် ပရိသတ်များကြား အထင်အမြင်လွဲမှားနေသော အကြောင်းတခုကို ဖြေရှင်းပါရစေ။ ဟန်တီ ပန်းချီဆွဲတတ်သည်ကို သိရှိသည့် ပို့စ်တင်သည့် ကာယကံပိုင်ရှင် ဟန်တီ့ပရိသတ်တဦးမှ မွေးနေ့လက်ဆောင်အဖြစ် ပုံတူပန်းချီဆွဲပေးရန် တောင်းဆိုခဲ့သဖြင့် လွန်ခဲ့သောနှစ်နှစ်က အချိန်အားလပ်သဖြင့် ဆွဲပေးထားသောပုံလေးကို အခါအခွင့်ကြုံ၍ ယခု ခရီးသွားခါနီးမှ ပေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၅၆ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။


Photo: ဟန်တီ

သူမတို့ရဲ့ ဆက်ဆံရေးကလည်း မိတ်ဆွေများသာဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဓာတ်ပုံတစ်ပုံကြောင့် ဝေဖန်မှုတွေ ကြုံနေရတာဖြစ်တဲ့အတွက် စိတ်ထိခိုက်မိတယ်လို့လည်း ဟန်တီက ဖွင့်ဟပြောထားပါသေးတယ်။

‘’ဟန်တီနှင့် သာမန်ခင်မင်သည့် မိတ်ဆွေတစ်ဦးသာဖြစ်ပြီး မည်သို့မျှ ပတ်သက်ခြင်းမရှိပဲ ပရိသတ်များထင်ယောင်ထင်မှားဖြစ်ခြင်းခံရသည့်အတွက် စိတ်ပင်ပန်းနွမ်းနယ်ရပါသောကြောင့် ဟန်တီနှင့် မည်သို့မျှဆက်နွယ်ခြင်းမရှိပဲ ဖေ့ဘုတ်ပေါ်တွင်ပင် ခင်မင်ရင်းနှီးခြင်း မရှိတော့ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်’’ လို့ ဆက်လက်ရေးသားထားပါတယ်။


Photo: ဟန်တီ

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို MissSupranational Internet ဆုကိုလည်း ရရှိထားပါတယ်။ တရုတ်နိုင်ငံ Sanya ပြည်နယ်မှာ ပြုလုပ်တဲ့ Miss World 2018 ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

Photo: ဟန်တီ

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Originazation တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဒါ့အပြင်ပညာရေးဘက်မှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က