အပြုံးနဲ့သာ ရင်ဆိုင်လိုက်ပါတယ်တဲ့။

ပိုပိုက လက်ရှိပိုင်ဆိုင်ထားတဲ့ Harley Quinn ဇာတ်ကောင်လို Hair Style လေးကြောင့် ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေ ခံနေရပါတယ်. သူမရဲ့ လက်ရှိ နှလုံးသား ရေးရာကိုလည်း ပြောပြလာပါသေးတယ်.

ဖက်ရှင် ဒီဇိုင်းတွေအမြဲလန်းနေတဲ့ အဆိုတော်မလေး ပိုပို က သူမရဲ့ Super Power ကို ထုတ်ပြလိုက်ပါပြီ. လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆံပင်အရောင် ကြောင့်လည်း ဝေဖန်ကြတဲ့ပရိသတ်တွေရှိတယ်လို့ ဆိုပါတယ်.

''အင်း My Super Power ကဘာလုပ်လုပ် Hot နေတာ ဆံပင်လေး အရောင်ဆိုးတာတောင် Hot တယ်. ငါလေးဟာ သိပ်ဂေါ် လွန်းပါတယ်လေ. ဆဲ ရင်းနဲ့ အကုသိုလ် ယူကြတဲ့ ချိဖ ချိမ တို့လဲ ကျန်းမာချမ်းသာကြပါစေ . ဆဲတာကို ပြန်ရိုင်းစိုင်း နိုင်လား ? လွယ်လွန်းတယ် ယဉ်ယဉ်ကျေးကျေး နဲ့ သည်းခံပြီး ပြုံးနေနိုင်မလား? Whatever you say I D G A F .HaHaHa'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆နာရီ က သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.

ပိုပိုဟာ Harley Quinn ဇာတ်ကောင်ထဲကလို ဆံကေသာအရောင်လေး ကို မကြာခင်က ပြောင်းလဲခဲ့တာဖြစ်ပါတယ်. ထူးခြားတဲ့ ဆံပင်အရောင်လေး တွေကလည်း သူမနဲ့ လိုက်ဖက်လွန်းတာကို တွေ့ရပါတယ်. ဒီ ဆံပင်အရောင်လေးကြောင့်လည်း အားပေးချစ်ခင်မှု ပိုလာတဲ့ ပရိသတ်ရှိသလို ဝေဖန် ပြောဆိုလာတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါသေးတယ်.

အချစ်အကြောင်း သီချင်းလေးတွေ အမြဲ သီဆို တတ်တဲ့ အဆိုတော်မလေး ပိုပိုက လက်ရှိမှာတော့ Single တစ်ယောက်ပါလို့ သိရပါတယ်။ လက်ရှိမှာ ပညာရေးနဲ့ အနုပညာအလုပ်တွေကို ဦးစားပေးနေရတာကြောင့် အချစ်ရေးကို မတွေးသေးတဲ့အကြောင်းကို နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

'' ကျွန်မ ကို သူ့ အသက်လောက်ချစ်မယ့် သူကိုသာသူ့လက်ထဲ ကျွန်မဘဝ ကို ထည့်ပေးဝံ့မှာပါ။ အဲ့ဒီ့လူကို ကျမ မတွေ့သေးဘူး ဒါကြောင့် ဘုရင်မ တစ်ပါးလို အမြဲ လှလှ ပပ လေး နေလို့ရပြီး ချစ်စရာကောင်းတဲ့ မတ်မတ်ကို အပျိူကြီးလို့ပဲ ဆက်ခေါ်နိုင်ပါတယ်။ အဲ့ဒီ့ အပျိုကြီး ဂုဏ် ပုဒ်ကို ကျွန်မချစ်တယ်။ ထူးခြားချက်က ၂၈ ကျော်ဆိုပေမဲ့ ၁၈ လောက် ထင်နေလောက်အောင် လှနေတာပါပဲ အယ့်လယ်'' လို့ ဆက်လက် ပြောပြထားပါသေးတယ်။

ပိုပိုဟာ အခုလက်ရှိမှာတော့ ဒဂုံတက္ကသိုလ် မှာ အဝေးသင်ကျောင်းသူအဖြစ် ဥပဒေမေဂျာကို လေ့လာဆည်းပူးနေသူဖြစ်ပါတယ်။ အဝေးသင် ကျောင်းသူဖြစ်တာကြောင့် စာမေးပွဲမဖြေခင် အနီးကပ် ကျောင်း ၁၀ ရက်တက်နေတယ်လို့ သိရပါတယ်။ ပညာရေးမှာလည်း ကြိုးစားနေရတဲ့ အဆိုတော်မလေး ပိုပိုက အနုပညာဘက်မှာလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က