မိန်းကလေးလို ပြင်လိုက်ရင် တော်တော်ချောတာ။

ဇေရဲထက်ရဲ့ မိန်းကလေးတစ်ယောက်ပုံစံ အလှအပတွေအပေါ် ဟိန်းဝေယံက ပြောပြခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကိုတော့ ‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတွဲပုံစံနဲ့ တွေ့ရဦးမှာဖြစ်ပါတယ်။ 


Photo: ဟိန်းဝေယံ



ဟိန်းဝေယံကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ဇေရဲထက်ကို မိန်းမချောလေး ကာရိုက်တာနဲ့ မြင်ရမှာဖြစ်ပါတယ်။ မိန်းကလေးနဲ့တူအောင် လှလွန်းတဲ့ ဇေရဲထက်အပေါ် ဟိန်းဝေယံက Duwun Media နဲ့ တွေ့ဆုံစဉ်မှာ ချီးကျူးခဲ့ပါတယ်။

‘’ ကိုဇေရဲထက်ကလေ သူက အဲ့ဒီလိုပြင်လိုက်လို့ရှိရင် တော်တော်ချောတယ်ဗျ။ တချို့ကျတော့ ကာရိုက်တာ အရလုပ်လိုက်တာဆိုပေမယ့် သိပ်မလိုက်တာမျိုးတွေရှိတယ်။ သူကျတော့ တော်တော်လေး အဆင်ပြေနေတယ်။ အဆင်ပြေတာထက်ကို ကျော်နေတော့ ဒီဇာတ်လမ်းလေးကို ကျွန်တော်စဉ်းစားဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: ဟိန်းဝေယံ

ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံနဲ့ ဇေရဲထက်တို့က အဓိက သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ ဇာတ်ကားရိုက်နေစဉ်အတွင်းမှာလည်း ဇေရဲထက်ကို မိန်းကလေးတစ်ယောက်လို ခံစားမိတဲ့ အမှတ်တရတွေကို ‘’ရင်ခွင်ရှင်းတမ်း’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

‘’ ရိုက်နေတဲ့ အချိန်မှာ မိန်းကလေးလို မြင်ရတာပေါ့။ ရိုက်ကွင်းနားရင်တော့ သူ့ကို အနုပညာ ညီအစ်ကိုလို ဖြစ်နေပေမယ့် ဇာတ်ကားရိုက်ပြီဆိုရင်တော့ သူ့ကို မိန်းကလေးတစ်ယောက်လို ခံယူပြီးတော့ ရိုက်တာလေ အဲ့ဒီလိုပဲ မြင်ပါတယ်။ တော်တော်လည်း လှတယ်။ သူနဲ့လိုက်လို့လည်း ဒီဇာတ်လေးကို စီစဉ်ပြီးတော့ ရိုက်ကူးဖြစ်တာပါ’’ လို့ ဆိုပါတယ်။

Photo: ဟိန်းဝေယံ

‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဟိန်းဝေယံကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ကြိုးကြိုးစားစားရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

‘’ အဲ့ဒီလို ဇာတ်လမ်းမျိုး ကျွန်တော် တစ်ခါမှ မရိုက်ဖူးခဲ့ဘူး။ ဒီဇာတ်လမ်းက ကျွန်တော့်အတွက် ထူးထူးခြားခြားလေးတော့ ဖြစ်တယ်။ အနုပညာသက်တမ်း တစ်လျှောက်မှာလည်း မရိုက်ခဲ့ဖူးဘူး။ သူနဲ့ ကျွန်တော်နဲ့ လုပ်ရတဲ့ ကာရိုက်တာချင်းကလည်း မတူတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: ဟိန်းဝေယံ

ဒီရုပ်ရှင်ဇာတ်ကားကြီးကို မာန်ထက်ချီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာအဖြစ် ဟိန်းဝေယံက စီစဉ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဟိန်းဝေယံ ဇေရဲထက် မေသန်းနု ရတနာဗိုလ်နဲ့ ဆုထက်ကုဋေတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က