စံချိန်တင် ဒဏ်ကြေးနဲ့ကြုံရဖို့ရှိပါတယ်။

ဖက်ထရယ် ကုန်သွယ်ရေးကော်မရှင် FTC ဟာ privacy ကာကွယ်ရေးမူကို ချိုးဖောက်ခဲ့တဲ့ Facebook ကို စံချိန်တင် ဒဏ်ရိုက်သွားဖို့ရှိပါတယ်။

        Cambridge Analytica ဖြစ်ရပ်ကြောင့် သုံးစွဲသူ ၈၇ သန်းကျော်ရဲ့ အချက်အလက် ပေါက်ကြားမှူမှာ တာဝန်ရှိတဲ့ Facebook ကို ဒဏ်ရိုက်တာ ဖြစ်တယ်လို့Wall Street Journal သတင်းမှာ ဖော်ပြထား့ပါတယ်။ FTC ဟာ Facebook ကို ဒဏ်ရိုက်ဖို့အတွက် မဲခွဲရာမှာ ကော်မရှင်ဟာ ၃မဲ ၂မဲ ပေးခဲ့တယ်လို့ဆိုပါတယ်။

Photo: storiesflow



        ရီပတ်ဘလစ်ကန်အမတ်အများစု ပါတဲ့ ကော်မရှင်ရဲ့ သဘောတူညီမှူကို အမေရိကန်တရားရေးဌာနကနေ အတည်ပြုဆုံးဖြတ်သွားမှာပါ။ FTC ဟာ ၂၀၁၂ ခုနှစ်ကလည်း Privacy ချိုးဖောက်ခဲ့တဲ့ Goolge ကို ဒေါ်လာ ၂၂.၅ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

        FTC ဟာ ပြီးခဲ့တဲ့နှစ်က Facebook သုံးစွဲသူ ၈၇ သန်းရဲ့ အချက်အလက်တွေ ရယူသွားတဲ့ Cambridge Analytica ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ ယူကေနိုင်ငံရေး အတိုင်ပင်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ Cambridge Analytica ဟာ သုံးစွဲသူတွေရဲ့ ခွင့်ပြုချက် မရှိဘဲ အချက်အလက်တွေ ရယူအသုံးချသွားတာပါ။

        ကော်မရှင်ဟာ ၂၀၁၁ ခုနှစ်က သဘောတူညီထားတဲ့ သုံးစွဲသူ အချက်အလက်တွေ ရယူမျှဝေတဲ့အပေါ် သုံးစွဲသူတွေကို ရှင်းရှင်းလင်းလင်း အသိပေးရမယ်ဆိုတဲ့ သဘောတူညီချက်ကို Facebook ကုမ္ဗဏီချိုးဖောက်ထားသလားဆိုတာကို စုံစမ်းထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက Facebook ဟာ Cambridge Analytica နဲ့ဆက်စပ်ပြီး ဒေါ်လာ ၃ ဘီလျံ ဒဏ်ရိုက်ခံရဖို့ရှိတယ်လို့သတင်းထွက်နေတာပါ။

Photo: Flipboard

        တကယ်လို့Wall Street Journal မှာ ဖော်ပြတဲ့အတိုင်း ဒဏ်ရိုက်ခံရမယ်ဆိုရင် Facebook ဟာ FTC ရဲ့ စံချိန်တင် အမြင့်ဆုံး ဒဏ်ကြေးဖြစ်တဲ့ ဒေါ်လာ ၅ ဘီလျံအထိ ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ယူကေ အချက်အလက် ကာကွယ်ရေးစည်းမျဉ်းနဲ့ငြိစွန်းတာကြောင့် ပေါင် ၅ သိန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က