သီချင်းအကြောင်းအရာပိုင်ရှင်လေးကို ကျေးဇူးတင်စကားပြောထားပါတယ်.

အဆိုတော် G-Fatt က ''အကယ်၍ လက်ထပ်ခဲ့ကြရင်'' ဆိုတဲ့ သီချင်းလေးနဲ့ ရွှေFM က ချီးမြှင့်တဲ့ '' Facebook Page ကနေ သီချင်းတောင်းဆိုမှု အများဆုံးဆု'' ကိုရရှိခဲ့ပါတယ်. သီချင်းအကြောင်းအရာ ပိုင်ရှင်လေး နန်းဆု ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းပြောပြလာပါတယ်.

Photo: အလင်းရောင်



အဆိုတော် G-Fatt က ရွှေFM က ချီးမြှင့်တဲ့ '' Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု'' ကို ''အကယ်၍ လက်ထပ်ခဲ့ကြရင်'' ဆိုတဲ့ သီချင်းလေးနဲ့ ဆုရရှိခဲ့တာ ဖြစ်ပါတယ်. ဒီဆု နဲ့ ပတ်သက်တဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပြောပြလာပါတယ်.

''မနေ့က ရခဲ့တဲ့ဆုအတွက် ပရိတ်သတ်များ နှင့်တစ်ကွ Shwe FM အပါအဝင် *အကယ်၍လက်ထပ်ကြတဲ့အခါ* သီချင်းကိုဖန်တီးပေးသော Music Producer Ko Mg Mg Pyae Sone နှင့် Mixing ကိုသန့်ဇင် တို့ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ.G-fatt 2018 ShweFM အကယ်၍လက်ထပ်ကြတဲ့အခါ 120B G-family FrenzoArtist'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ ရေးသားခဲ့ပါတယ်.

Photo: အလင်းရောင်

အဲ့ဒီနောက် G-Fatt က ဆုရရှိခဲ့တဲ့ သီချင်းရဲ့ အကြောင်းအရာ ပိုင်ရှင်လေး ချစ်သူဖြစ်တဲ့ နန်းဆုရတီစိုးကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောပြထားပါသေးတယ်. ရွှေFM ၉ နှစ်ပြည့် ဂီတဆု ချီးမြှင့်ပွဲကိုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့ညက ရွှေထွဋ်တင်မှာ ပြုလုပ်ခဲ့တာပါ.

'' သီချင်းအကြောင်းအရာ ပိုင်ရှင် လေးကို လဲ ကျေးဇူးအထူးတင်ရပါတယ်'' ဆိုပြီးတော့ တင်ခဲ့တာကို တွေ့ရပါတယ်.အဲ့ဒီနောက် နန်းဆုနဲ့ တွဲရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်. G- Fatt ရရှိပိုင်ဆိုင်ခဲ့တဲ့ ဆု အတွက်ကိုတော့ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေရော . အနုပညာ အပေါင်းအသင်း သူငယ်ချင်းတွေကပါ ဝိုင်းဝန်း ဂုဏ်ပြုစကားပြောကြားခဲ့ကြပါတယ်.

Photo: အလင်းရောင်

G Fatt က ဇန်နဝါရီ(၁၄) ရက်နေ့က ကျင်းပတဲ့ City FM ရဲ့ ၁၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ၂၀၁၇ခုနှစ်အတွက် သီချင်းတောင်းဆိုမှု အခံရဆုံး အမျိုးသား တေးသံရှင်ဆုကို ရရှိခဲ့ဖူးပါသေးတယ်. အဲ့ဒီအတွက် နန်းဆုနဲ့ထပ်တူ G Fatt ရဲ့ Fan တွေလည်း အရမ်းကို ဝမ်းသာနေကြပါတယ်။ နန်းဆုက G Fatt အတွက် Big Congratulations လုပ်ပေးထားသလို G Fatt ကလည်း အဲ့လို ဂုဏ်ပြုစာရေးထားတဲ့အတွက် ကျေးဇူးတင်ကြောင်းတွေ ပြောပြခဲ့ကြပါသေးတယ်.

Photo: အလင်းရောင်

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးက လက်ရှိမှာ သာသာယာယာပါပဲ။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အချစ်ရေးလေး တစ်ခုဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အဆိုတော် G-Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုး တစ်ယောက်လည်း မဟုတ် ဘူး လို့ မီဒီယာတွေကို ဖြေဆိုဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က