နန်းဆုရတီစိုးတစ်ယောက် ချစ်သူ G-Fatt ရဲ့ အကြောင်းတွေကို ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ G-Fatt က ပိုချောလာတယ်ဆိုတာကိုလည်း ဝန်ခံပြောပြထားပါသေးတယ်။
Photo: နန်းဆုရတီစိုး
သရုပ်ဆောင် နန်းဆုရတီစိုးတစ်ယောက် ပဲများတတ်တဲ့ ချစ်သူ G-Fatt ရဲ့ အကြောင်းတွေကို အရွှန်းဖောက်ပြောပြလာပါတယ်။ G-Fatt ပဲများတတ်ပုံတွေကို ပြန်ပြီးတော့ အတုခိုးရမယ်လို့ Duwun Media ကနေ သူကပြောပါတယ်။
‘’သူ ပဲမများဘူးထင်လို့လား ။ ကိုယ့်ထက် နှစ်ဆ။ ဓာတ်ပုံတွေဘာတွေ ရိုက်ရင် ကြည့်လေ ပို့စ်တွေ သင်ပေးစရာမလိုဘူး။ သူ့ရဲ့ ပို့စ်လုပ်တဲ့ အကြည့်တွေ ရူးခါသွားမယ်နော်။ ကောင်မလေးတွေ တအားကြိုက်ကြတယ် သူ့ရဲ့ ပို့စ်တွေဆို။ ကိုယ်တောင် ပြန်အတုခိုးရမယ်’’ လို့ သဘောကျရယ်မောရင်း သူကဆိုပါတယ်။
photo: နန်းဆုရတီစိုး
G-Fatt ဟာ နန်းဆုရတီစိုးနဲ့ တွဲလာတာ ကြာတဲ့အချိန်မှာတော့ ဝဝဖြိုးဖြိုးနဲ့ ပိုပြီးတော့ ကြည့်ကောင် းလာတာ တွေ့ရပါတယ်။ နန်းဆု ကိုယ်တိုင်ကလည်း G-Fatt ပိုချောလာတဲ့ အကြောင်းကို ဝန်ခံ ပြောပြခဲ့ပါတယ်။
‘’ ကိုယ်လည်း မြင်တာ ပိုပြီးတော့ ချောလာသလိုပဲ။ ပိုပြီးတော့လည်း ဝလာတယ်။ ပိုပြီးတော့လည်း အသားဖြူ လာတယ်။ ကျွေးတာလေ သူ့ကို ကိုယ်က လျှော့စားလိုက်ပြီး သူ့ကို များများစားခိုင်းတယ်။ နို့မို့ဆိုရင် သူကအ ရမ်းပိန်နေရင် ကိုယ်က ဝသလိုဖြစ်နေမှာလေ။ အဲ့ဒါကြောင့် သူက ဝလာတော့ အနေတော်ဖြစ်သွားတာပေါ့’’ လို့ Zoey "အမှတ်တံဆိပ် Handmade အိတ်ဆိုင်ဖွင့်လှစ်ခြင်းအခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: နန်းဆုရတီစိုး
နန်းဆုရတီစိုးကလည်း G-Fatt နဲ့ လက်တွဲလာပြီးတဲ့နောက်မှာတော့ ဂီတအလုပ်တွေကို အရင်ကထက် သေသေချာချာ လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။
G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေစိတ်ဝင်စား ခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။