ဟာရီကိန်းကဲ့သို့ မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ပါတယ်။

ဂရိနိုင်ငံတစ်ဝန်းမှာ ဟာရီကိန်းကဲ့သို့ မုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး နောက်တစ်ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။



(Photo: EPA)

မြေထဲပင်လယ်ဟာရီကိန်း (medicane) လို့ သိထားကြတဲ့ ဆိုင်ကလုန်းမုန်တိုင်း Ianos က အေသင်မြို့ မြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီးနေတဲ့ အဆောက်အအုံများထဲမှာ လူဦးရေ ရာနဲ့ချီ ပိတ်မိနေခဲ့ကြပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဂရိတောင်ပိုင်းနဲ့ မြောက်ပိုင်းကြား ရထားခရီးစဥ်များ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တဲ့ မှတ်တမ်းတွေအရ Ionian ကျွန်းစုတွေဖြစ်တဲ့ Kefalonia နဲ့ Zakynthos တို့ရဲ့ ကမ်းခြေတွေမှာ သောကြာနေ့ (စက်တင်ဘာ ၁၈ ရက်) က မုန်တိုင်း ဦးတည်ခဲ့စဥ် ကြီးမားတဲ့ ရေလှိုင်းတက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် လေယာဥ်နဲ့ ကူးတို့သင်္ဘော ခရီးစဥ်တွေကို ဖျက်သိမ်းထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဆောက်အအုံအတွင်း နေထိုင်ကြရန် အကြံပြုထားခဲ့ပါတယ်။

(Photo: Reuters)

မုန်တိုင်း Ianos ဟာ အရှေ့ဘက်သို့ ဦးတည်ဖြတ်သန်းခဲ့ရာ အေသင်မြို့ မြောက်ပိုင်းရှိ Karditsa မြို့မှာ တစ်နာရီလျှင် ၇၅ မိုင်အထိ အားကောင်းတဲ့ လေတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များနဲ့ လျှပ်စစ်ဓာတ်အားလိုင်း လဲပြိုကျခဲ့ကာ မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ပါတယ်။ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင်ပြသမှုအရ Karditsa မြို့မှာ ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး တံတားတစ်စင်း ပြိုကျနေတာ တွေ့ရပါတယ်။

(Photo: Reuters)

Karditsa မြို့ဧရိယာအတွင်း အမျိုးသားတစ်ဦးကို ၎င်းရဲ့ ယာတောမှာ သေဆုံးလျက်သားတွေ့ရပါတယ်။ နောက်ထပ် သေဆုံးသူ အမျိုးသမီးကိုတော့ ရေနစ်မြုပ်နေတဲ့ သူမရဲ့နေအိမ်အတွင်း သေဆုံးနေတာ တွေ့ခဲ့ရကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုအတွင်း ကားတစ်စီးနဲ့အတူ မျောပါသွားတဲ့ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်သမားတွေက ပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က