အဆိုတော် ဆူဇီတစ်ယောက် ရန်ကုန် ပြန်ရောက်ရောက်ချင်း ဂျူနီယာ မြင့်မြတ်လေးဆီ အပြေးသွားတွေ့ခဲ့တယ်တဲ့။ သားလေး ကိုလည်း အားလုံးက ဝိုင်းချစ်ကြသလို ဆူဇီလည်း ကလေးလေးကို ချစ်မဝဖြစ်လို့နေပါတယ်။
Photo : ဆူဇီ FB
အဆိုတော် ဆူဇီတစ်ယောက် ရန်ကုန်ပြန်ရောက်ရောက်ချင်း ဂျူနီယာမြင့်မြတ်လေးဆီ အပြေးသွားတွေ့ခဲ့တယ်လို့ သိရပါတယ်။မြင့်မြတ်ဟာ သူလေးစားအားကျရတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို အကိုလို ခင်ရတဲ့ အနုပညာမောင်နှမဖြစ်တစ်ဦးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကို ကြည့်ပြီး ဆူဇီတစ်ယောက် ချစ်မဝဖြစ်လို့နေပါတယ်။
"Yangon ပြန်ရောက်တာနဲ့ Junior မြင့်မြတ်လေးကိုသွားတွေ့တာ ချစ်ဖို့ကောင်းလိုက်တာ သားသားလေးက" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ဆူဇီ FB
မြင့်မြတ်ရဲ့ သားလေးက သြဂုတ်လ(၇) ၇က်နေ့ မနက်(၉)နာရီ(၁၅) မိနစ်က ရန်ကုန်မြို့ ဝီတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ မွေးနေ့တူတဲ့ သားလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ မြင့်မြတ်အတွက် အနုပညာမောင်နှမတွေ သူငယ်ချင်းတွေ ပရိသတ်တွေက ဂုဏ်ယူလို့နေကြပါတယ်။
သားလေးကိုလည်း အားလုံးက ဝိုင်းချစ်ကြသလို ဆူဇီလည်း ကလေးလေးကို ချစ်မဝဖြစ်လို့နေပါတယ်။ ဆူဇီမွေးနေ့တုန်းကလည်း မြင့်မြတ် တို့ ဇနီးမောင်နှံနဲ့ ယုန်လေး၊အခြားသော သူငယ်ချင်းတွေက အဖွဲ့လိုက်ကြီး မွေးနေ့ Surprise လုပ်ပေးခဲ့ကြပါသေးတယ်။
Photo : ဆူဇီ FB
ဆူဇီအတွက် ယုန်လေးနဲ့ သူငယ်ချင်းတွေရဲ့ သန်းခေါင်ကျော် Birthday Surprise
မွေးနေ့ကိတ်ခွဲပြီးတော့လည်း ဈေးဝယ်ထွက် ထမင်းတွေ ချက်စားကြနဲ့ သူငယ်ချင်းတွေ အရမ်းကို ပျော်စရာကောင်းတာကိုလည်း တွေ့မြင်ရပါတယ်။ သူတို့တွေဟာ အနုပညာမောင်နှမတွေဖြစ်သလို အပြင်မှာလည်း တကယ့်ကို သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကြပါတယ။်
အဆိုတော် ဆူဇီဟာ သီချင်းဆိုတဲ့အခါ အသံချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်ကိုဆွဲဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ဆူဇီဟာ လက်ရှိမှာ ဖျော်ဖြေရေးတွေ သွားဖြစ်နေသလို အသက်အရွယ်လိုက် ပြောင်းလဲလာတဲ့ သူမရဲ့ ဝတ်စားဆင်ယင်မှုလေးတွေကိုလည်း ပရိသတ်တွေ သတိထားမိလာကြပါတယ်။
Photo : ဆူဇီ FB
" မြန်မာဝတ်စုံလေး တွေကိုလည်းဒီဇိုင်းလှလှလေးတွေနဲ့ ပိုဝတ်ဖြစ်လာတာက ကိုယ့်ဘာသာကိုယ် အိုလာပြီလား၊ အဘွားကြီးဖြစ်လာပြီလား ဆိုပြီး တော့ ပိုနုငယ်ချင်တဲ့အတွက်ကြောင့် ဖက်ရှင်အပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားဖြစ်နေ တယ်။ အသက်အရွယ်ရလာတော့ သူများတွေ တောင် ထိန်းသိမ်းတဲ့အတွက်ကြောင့် ကိုယ်လည်း ထိန်းသိမ်းရမယ် ဆိုတာ သိလာတဲ့ အတွက်ကြောင့် နည်းနည်းပါးပါးလေ့လာတယ်။ ဒါပေမယ့် အစ်မကတော့ ကိုယ့်ဘာသာကိုယ် အရမ်းကြီးပြောင်းလဲ လာတယ်လို့ မထင် ပါဘူး။'' လို့ သူက Duwun Media ကို ပြောပြဖူးပါတယ်။
Share