အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်အထိ ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံကို ယမန်နေ့ (စက်တင်ဘာ ၃၀ ရက်) က အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

a-passer-by-walks-in-heavy-rain-and-wind-caused-by-typhoon-trami-in-the-prefectural-capital-naha--on-the-southern-island-of-okinawa--in-this-photo-taken-by-kyodo-1.jpg

Photo: Reuters

လတ်တလောမှာ ရာသီဥတုဆိုးရွားမှုတွေ ဆက်တိုက်ကြုံနေခဲ့ရတဲ့ ဂျပန်နိုင်ငံတစ်ဝှမ်း တိုင်ဖွန်းထရာမီ (Typhoon Trami) ဖြတ်သန်းမှုကြောင့် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တိုင်ဖွန်းထရာမီကြောင့် ကမ္ဘာ့တတိမြောက် စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံမှာ ခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့ရပါတယ်။ကျည်ဆန်ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းထားခဲ့ရပြီး လေကြောင်းခရီးစဉ် ၁,၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ တိုကျိုမြို့မှာလည်း ညနေပိုင်း ရထားခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က မုန်တိုင်းတိုက်ခတ်မှုအတွင်း လူနှစ်ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။

Photo: Reuters

ဂျပန်အနောက်ပိုင်း တော့တိုရီမှာ မြေပြိုမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးကတော့ တိုကျိုမြို့ အနောက်ဘက်ရှိ ယာမာနာရှီစီရင်စုမှာ ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။သေဆုံးသူတွေဟာ အမျိုးသားနှစ်ဦးဖြစ်ပြီး ဂျပန်ကုန်းတွင်းပိုင်းတစ်လျှောက် တိုင်ဖွန်းထရာမီ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်မှာ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း နောက်ထပ် လူနှစ်ဦး ပျောက်ဆုံးနေကြောင်းနဲ့ လူ ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။



Photo: Reuters

တိုင်ဖွန်းထရာမီဟာ အိုကီနာဝါကျွန်းအပါအဝင် ဂျပန်နိုင်ငံ အစွန်အဖျားရှိ ကျွန်းစုတွေမှာ တိုက်ခတ်ခဲ့ပြီးနောက် ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီမှာ ဂျပန်အနောက်ပိုင်း အိုဆာကာမြို့တောင်ဘက် ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။တိုင်ဖွန်းထရာမီရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်အထိရှိပြီး မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံတစ်ဝှမ်း ယနေ့ (အောက်တိုဘာ ၁ ရက်) အထိ ရာသီဥတုဆိုးရွားမှုတွေ ကြုံရနိုင်ကြောင်း မိုးလေဝသဌာနက ပြောထားပါတယ်။

Map: JMA/AFP

တိုင်ဖွန်းထရာမီ တိုက်ခတ်မှုကြောင့် ဂျပန်အနောက်ပိုင်းဒေသမှ အများစုအပါအဝင် အိမ်ထောင်စု ၇၅၀,၀၀၀ မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ပြီး မိုဘိုင်းဖုန်းဆက်သွယ်ရေးလည်း ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ဂျပန်အနောက်ပိုင်းဒေသကို စက်တင်ဘာလ အစောပိုင်းကလည်း ၂၅ နှစ်အတွင်း အားအကောင်းဆုံးဖြစ်တဲ့ တိုင်းဖွန်းမုန်တိုင်းဂျက်ဘီ (Typhoon Jebi) ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Photo: AFP

ဒါ့အပြင် ယခုနှစ်အစောပိုင်းကလည်း ဂျပန်အနောက်ပိုင်းဒေသတွေမှာ စံချိန်တင်မိုးသည်းထန် ရေကြီးမှုတွနဲ့ အပူချိန် စံချိန်တင်မြင့်တက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ထို့အတူ စက်တင်ဘာလအတွင်းမှာပင် ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုင်းကျွန်းမှာ ရစ်(ခ်)တာစကေး ၆.၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က