ချစ်စရာကောင်းတဲ့ ကလေးတွေပါတဲ့။

နန်းမြတ်ဖြိုးသင်းတစ်ယောက် ကိုယ်ဝန်ရပြီလို့ စတင်ကြေညာလိုက်တဲ့အချိန်မှာ သူ့ကိုချစ်တဲ့ ပရိသတ်တွေအားလုံး ဝမ်းသာခဲ့ ရပါတယ်။ အခုလည်း အိမ်တိုင်ရာရောက် သတင်းမေးသူ၊ လက်ဆောင်လာပေးတဲ့ ချစ်ပရိသတ်လေးတွေရှိတယ်လို့ ဆိုပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်



 

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ အခုဆိုရင် ပထမဆုံးရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။ ကိုယ်ဝန်ကတော့ ၃ လရှိပြီလို့ ဆိုပါတယ်။ ကိုယ်ဝန်ရပြီလို့ ပရိသတ်ကို ပြောပြလိုက်တဲ့ အချိန်မှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေက အိမ်တိုင်ရာရောက်  လာပြီး ပြုစု အားပေးစကားပြောခဲ့ ကြတာကို တွေ့ရပါတယ်။

'' သူတို့အမဗိုက်ကြီးသည်လေးကိုလာတွေ့တာတဲ့ ချစ်ဖို့ကောင်းတဲ့ကလေးတွေ  ဓာတ်ပုံရိုက်ပါမယ် ဆိုချွဲစိန်တစ်ကောင် ကခြေထောက် ပေါ်လာအိပ်နေသေးတာ'' ဆိုပြီးတော့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကြောင့်လည်း ဝမ်းသာနေပါသေးတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

 

လက်ရှိမှာတော့ သူမအနေနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်နေပြီး ကလေးလေးအတွက်အားဖြစ်မယ့်အစားအစာတွေ စားဖြစ်နေ ပါတယ်တဲ့။ သူမကိုယ်တိုင် မကြိုက်ပေမယ့်လည်း ရင်သွေးအတွက် ပိုပြီး ဦးစားပေးဖြစ်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

"လူတိုင်းကတော့ ပြောပါတယ်။ မိခင်စိတ်က ဘာနဲ့မှမတူဘူးတဲ့။ အခုချိန်မှာတော့ ကိုယ့်ကိုကိုယ်ထက် စာရင် သူ့အတွက်ပိုပြီး ဦးစားပေးဖြစ် တယ်။ ကိုုယ်မကြိုက်ပေးမယ့်ကလေးအတွက် ကောင်းဖို့စာရတာမျိုးတွေ အဲ့လိုမျိုးတွေစပြီးပြောင်းလဲလာတာ။"ဆိုပြီးစက်တင်ဘာ(၂၉) ရက်နေ့က ပြုလုပ်တဲ့ Clinque ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: နန်းမြတ်ဖြိုးသင်းဖေ့စ်ဘွတ်

ကလေးလေးရဲ့ နှလုံးခုန်သံကြားရတာနဲ့တင် ရင်တွေခုန်ပြီး ပျော်နေတဲ့ နန်းမြတ်ဖြိုးသင်း 

နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ် အား ပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သာယာတဲ့ အိမ်ထောင် ရေးလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်ဖြိုးသင်းဟာ  ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

 

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က