အယ်လ်ဗာရက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့တာပါ။

အာဆင်နယ်ဟာ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်အတွက် အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးဟာ လက်ရှိနွေမှာ အသင်းကနေ ထွက်ဖို့ သတင်းထွက်နေတာပါ။



ဟာလန်းရှိနေတဲ့ အနေအထားမျိုးမှာ အယ်လ်ဗာရက်ဇ်က အခုထက် ပိုမိုပြီး ပွဲထွက်ကစားခွင့် လိုချင်နေတာပါ။ ဒီအတွက်လည်း သေချာစဉ်းစားသွားမယ်လို့ အယ်လ်ဗာရက်ဇ်က ပြောကြားခဲ့ပြီး ဂွါဒီယိုလာကတော့ အယ်လ်ဗာရက်ဇ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပုံရပါတယ်။

ဒီကစားသမားအတွက် မန်စီးတီးတို့ အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) တောင်းဆိုသွားဖို့ရှိပါတယ်။ အာဆင်နယ်အနေနဲ့ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူမယ်ဆိုရင်တော့ အသင်းမှာရှိပြီးသား ကစားသမားအချို့ကို ပြန်လည်ရောင်းထုတ်သွားဖို့ လိုအပ်နေပါတယ်။

အာဆင်နယ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာရဲ့ အီတလီ လက်ရွေးစင် နောက်ခံလူ ကာလာဖီအိုရီကိုလည်း ပြောင်းရွှေ့ကြေး ပေါင် (၄၂) သန်းနဲ့ ခေါ်ယူထားပါသေးတယ်။ တိုက်စစ်မှူးနေရာအတွက်လည်း အယ်လ်ဗာရက်ဇ်အပြင် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုလည်း အာဆင်နယ်တို့ စိတ်ဝင်စားနေပါသေးတယ်။

Share

Loading Next Article...
က္က