၂၀၂၀ မှာ HarmonyOS နဲ့ လာတဲ့ ထုတ်ကုန်တွေ ပိုပြီး မြင်ရဖို့ ရှိပါတယ်။
Huawei ဟာ HarmonyOS သစ်ကို Huawei Developer Conference မှာ စတင် ကြေညာခဲ့ပြီးနောက် Honor Vision စမတ်တီဗွီသစ်မှာ ပထမဆုံး အသုံးပြုခဲ့ပါတယ်။ HarmonyOS ကို ကမ္ဘာ့ဈေးကွက်မှာ ဖြန့်ချိဖို့အထိ ပြင်ပြီးနောက် မြင်ရမယ့် ထုတ်ကုန်တွေထဲမှာ စမတ်နာရီ ၊ စမတ်စပီကာနဲ့ VR ထုတ်ကုန်တွေ ပါနေတယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။
Photo: CNN
HarmonyOS ကို စမတ်ဖုန်းတွေမှ သုံးဖို့ full-featured OS အဖြစ် ထုတ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ Hongmeng လို့ခေါ်တဲ့ HarmonyOS ဟာ Internet-of-Things (IoTs) ထုတ်ကုန်တွေအတွက် ဦးစားပေး ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာ ဒီ OS ကို စမတ်ဖုန်း ၊ တက်ဘလက်နဲ့ ကွန်ပျူတာလိုမျိုး Huawei ရဲ့ အဓိကထုတ်ကုန်တွေမှာ ဖြန့်ချိသွားဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
HarmonyOS ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ကြုံလာပြီးနောက် Google ရဲ့ Android ကို အစားထိုးဖို့ ထုတ်ခဲ့တဲ့ Operating System တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့်၂၀၂၀ ကစလို့ HarmonyOS ကို တရုတ်နိုင်ငံအပြင် နိုင်ငံတကာဈေးကွက်တွေအထိ ထိုးဖောက်ပြီး ဈေးကွက်က မြှင့်တင်သွားဖို့လည်း ရှိပါတယ်။
Huawei ဘက်ကတော့ နောက်နှစ် အကုန်ပိုင်းမှာ HarmonyOS ဟာ Linux ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ပဉ္စမအကြီးဆုံး mobile OS ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ Counterpoint Research ရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ Harmony OS ဟာ ၂၀၂၀ ဒီဇင်ဘာအရောက်မက် ကမ္ဘာ့ဈေးကွက်ဝေစုတစ်ခုလုံးရဲ့ ၂% နဲ့ တရုတ်ပြည်တွင်းဈေးကွက်ရဲ့ ၅% အထိ ရှိလာမယ်လို့လည်း ခန့်မှန်းတွက်ချက်ထားပါတယ်။
Photo: androidauthority
လက်ရှိမှာ Android ဟာ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးရဲ့ ၄၀%ကျော် နဲ့ နံပါတ်တစ် အကြီးဆုံး Operating System အဖြစ် ရပ်တည်ထားပြီး Microsoft ရဲ့ Windows ၊ Apple ရဲ့ iOS နဲ့ macOS တို့ဟာ ဈေးကွက်ဝေစုရဲ့ ၃၅% ၊ ၁၄% နဲ့ ၆% စီ ရှိထားပါတယ်။ Linux ကတော့ ကမ္ဘာ့ပဉ္စမ အကြီးဆုံး Operating System ဖြစ်ပြီး ဈေးကွက်ဝေစုရဲ့ ၀.၈% ရထားပါတယ်။
HarmonyOS ဟာ စမတ်လက်ပတ်တွေကနေ စမတ်ဖုန်း ၊ ကွန်ပျူတာနဲ့ တက်ဘလက်ထုတ်ကုန်တွေအားလုံးမှာ သုံးနိုင်မယ့် ထုတ်ကုန်ဖြစ်တယ်လို့ ကြေညာထားပေမယ့် Android စနစ်ကို သုံးလို့ ရသရွေ့တော့ တစ်နှစ် နှစ်နှစ်အတွင်း ဖုန်း ၊ ကွန်ပျူတာနဲ့ တက်ဘလက်တွေမှာ HarmonyOS ကို မြင်ရဖို့ မရှိသေးပါဘူး။