ဓာတ်ပုံရိုက်တာတောင် စိတ်ကောက်စကားများခဲ့ရပါသေးတယ်တဲ့။

ပိုင်ဖြိုးသု တစ်ယောက် ဟန်းနီးမွန်းခရီးစဉ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံလှလှလေးတွေရဲ့ နောက်ကွယ်ကအကြောင်းတရားတွေကို ရင်ဖွင့်ပြောပြလာပါတယ်. လက်ရှိမှာတော့ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေပြီဖြစ်ပါတယ်.

Photo: ပိုင်ဖြိုးသု



မကြာခင်ကမှ ပူပူနွေးနွေး မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့က မကြာခင်ကမှ ဟန်နီးမွန်းခရီးစဉ်က ပြန်လာကြတာဖြစ်ပါတယ်. ဟန်းနီးမွန်း ခရီးစဉ်မှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ခွင့်ရဖို့ နောက်ကွယ်က အဖြစ်အပျက်လေးတွေကို ပိုင်ဖြိုးသုက အခုလို ရင်ဖွင့်ပြောပြလာပါတယ်.

'' ဒီပုံလေးတွေရဖို့အရေး နောက်ကွယ်မှာ ဓါတ်ဆရာနဲ့ငြင်းခုံရန်ဖြစ်ရခြင်းများ စိတ်ကောက်ရခြင်းများရှိခဲ့ပါကြောင်း.ယောကျာ်းများသည် ရည်းစားဘဝတွင်သာ ဓါတ်ဖမ်းပေးဖို့ စိတ်ရှည်ကြကြောင်းလေ့လာသိရှိ'' ဆိုပြီးတော့ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်.

Photo: ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်မှာ လက်ထပ်လိုက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ယုယုယယရှိလှတာကြောင့် သူတို့စုံတွဲလေးဟာ အားလုံး အားကျရတဲ့ စုံတွဲ တစ်တွဲလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ မင်္ဂလာဦးအလှူကို ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာပဲ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာဦးအလှူမှာ သရုပ်ဆောင်ကိုလူချောအဖွဲ့ (၈၂)ဦး၊ စက်မှုအခြေခံသာရေး၊နားရေးအဖွဲ့ဝင်(၁၈၀)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၁)တင်းခွဲ၊ ဆီ (၃) ပိဿာဆီ စုစုပေါင်း လူဦးရေ (၂၆၂)ဦးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo: ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်. အနုပညာပျိုးခင်ကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အခုဆိုရင် 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်.

Photo: ပိုင်ဖြိုးသု

လက်ရှိမှာတော့ ဒါရိုက်တာ ဏကြီးရော. အကယ်ဒမီပိုင်ဖြိုးသု ရောက အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်. သူတို့ စုံတွဲလေးဟာ အင်မတန်ကို လိုက်ဖက်လွန်းတာကြောင့် အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က