အာဆင်နယ်ကို နိုင်ပြီး အဆင့် ၂ နေရာကို ပြန်လည်တက်လှမ်းလာပါတယ်။

အောက်အသင်းက အမြဲတမ်း အပေါ်အသင်းနဲ့ အမှတ်မကွာဖို့ အနိုင်၃ မှတ်ရှာနေရပြီး ဖိအား အမြဲရှိနေတယ်လို့ ဂါွဒီယိုလာက ဆိုလိုက်တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ မနေ့ညက အာဆင်နယ်ကို အနိုင်ကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးထက် တစ်ပွဲပိုကစားပြီး ၂ မှတ်ကွာ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုရောက်ရှိလာခဲ့ပေမယ့်လည်း ဖိအားကတော့ လီဗာပူးအသင်းမှာမရှိပဲ မိမိတို့ မန်စီးတီးမှာသာရှိတာလို့ နည်းပြဂွါဒီယိုလာက ပြောခဲ့ကြောင်း Sportskeeda သတင်းဌာနက ဖော်ပြပါတယ်။



မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်အသင်းကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပေမယ့် လီဗာပူးကလည်း လက်စတာကို သရေကျခဲ့လို့ အမှတ်ကွာဟမှု အများကြီး မဖြစ်ခဲ့ပါဘူး။ အာဆင်နယ်နဲ့ပွဲမှာ ၃ မှတ်အပြည့် ရယူနိုင်ခဲ့ပေမယ့် ထို ၃ မှတ်က လီဗာပူးအတွက် မည်သည့်ဖိအားမျှ ရှိမှာမဟုတ်ပဲ မိမိတို့ မန်စီးတီးအသင်းမှာသာ ဖိအားရှိနေတယ်လို့ ဂွါဒီယိုလာက ပြောခဲ့တာပါ။

“ နောက်မှာရောက်နေတဲ့အခါ ဖိအားက အမှတ်ဆုံးရှုံးတိုင်း ရှိပါတယ်။ ဇယားထိပ်မှာရှိနေချိန် အမှတ်ဆုံးရှုံးရင်တောင် သူက အမှတ်ကွာဟချက်ရှိနေလို့ ဒီနေရာအတိုင်းပဲ ဆက်ရှိနေနိုင်မှာပါ။ ဒါကြောင့် ဖိအားက ကျွန်တော်တို့ဆီမှာသာရှိပြီး လီဗာပူးနဲ့ အမှတ်မကွာဖို့အရေး ပွဲတိုင်း အနိုင်လိုက်ကစားနေရတာ ဖြစ်ပါတယ်။” လို့ ဂွါဒီယိုလာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးရဲ့နောက် ဒုတိယနေရာမှာ တစ်ပွဲပို ၂ မှတ်ကွာ အနေအထားနဲ့ ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းကတော့ ဒီကနေ့ညမှာ ဝက်စ်ဟမ်းနဲ့ ကစားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က