အချစ်ရေးမှာ ရင့်ကျက်လာပြီ။

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ပိုပိုက သီချင်းအသစ်တွေရေးဖို့ အသည်းမကွဲတော့ ခက်တယ်လို့ဆိုပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ခဲ့တဲ့ အချစ်ရေးထက် လက်ရှိစိတ်ကူးထားတဲ့ အချစ်ရေးက ကွာခြားတဲ့အကြောင်းတွေ ပြောပြထားပါတယ်။

photo: ဝတ်ရည်မိုး

ပိုပို တစ်ယောက် အသည်းမကွဲတော့ သီချင်းအသစ်တွေ ဖန်တီးလို့ မရဘူးလို့ဆိုပါတယ်။ အသက်အရွယ်အရ အချစ်ရေးမှာလည်း ရင့်ကျက်လာတဲ့အကြောင်း အခုလို ပြောပြထားပါတယ်။

‘’အခု အသက်ကြီးလာတော့ ဪ ကံပဲလေ ရေစက်က ဒီလောက်ပဲပါတာကိုး။ ချစ်တာက လုပ်ယူလို့မှ မရတာကိုး နောက်တစ်ယောက်တွဲသွားရင်တောင် အပြစ်မမြင်တော့ဘူး ကံကြမ္မာပဲလေ လို့တွေးတွေးပြီး အသည်းက ကွဲကို မကွဲဘူး။ ခံစားရရင်တောင် တရားစခန်းဝင်မယ်တွေးပြီး သီချင်းကို ထွက်မလာတော့ဘူး ကြေကွဲတယ်’’ လို့ ဆိုပါတယ်။ 

photo: ဝတ်ရည်မိုး

ဆယ်ကျော်သက် အရွယ်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အချစ်ရေးအကြောင်းကိုလည်း ပိုပိုက ရင်ဖွင့်ပြောပြထားပါသေးတယ်။

‘’ငယ်ငယ်ကတော့ ဘဲနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ဖြစ်ဖြစ် သူက စော်အသစ်ထားသွားလို့ပဲ ဖြစ်ဖြစ် ခံစားရတာ သေမတတ်ပဲ လွမ်းလိုက် သီချင်းတွေရေးလိုက်၊ အပြစ်တွေ ပြောလိုက်၊ သီချင်းတွေရေးလိုက် ငါ့ကိုမချစ်ဘူးလို့တွေးပြီး သီချင်းပဲ ရေးနေတော့တာ အားရစရာကြီး’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၂ နာရီ ၁၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

photo: ဝတ်ရည်မိုး

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ 

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Share

Loading Next Article...
က္က