ဘီးလင်းပြီးရင်လည်း ကရင်ပြည်နယ်ဘက် ဆက်သွားဦးမယ်တဲ့။

ပြည်သူတွေအတွက်ဆို အမြဲတမ်း အသင့်ရှိနေတဲ့ ပရဟိတသမား ဝေဠုုကျော်က ရေဘေးသင့် ပြည်သူတွေအတွက် ကူညီမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ အခုလက်ရှိမှာ ဘီးလင်းသို့ လိုအပ်တာတွေ သွားရောက်လှူဒါန်းနေသလို ကရင်ပြည်နယ်ဘက်ကို ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။



Photo : ဝေဠုကျော် ဖောင်ဒေးရှင်း Page

 

ပြည်သူတွေအတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေသူ သရုပ်ဆောင် ဝေဠုကျော်ဟာ  ဇူလိုင်(၂၉) ရက်နေ့က ဘီးလင်းမြို့က ရေဘေးသင့် ပြည် သူတွေဆီ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ ဝေဠုကျော်  ဦးဆောင်တဲ့ ဝေဠုကျော် ပရဟိတဖောင်ဒေးရှင်းအဖွဲ့သားတွေဟာ ဘီးလင်းမြို့ရှိ ရေနစ်မြှပ်နေတဲ့ ရွာသားများဆီသို့ သွားရောက်ကာ ရိက္ခာပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း Page

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသူလေးရဲ့ နာရေးကို သွားခဲ့တဲ့ ဝေဠုကျော် 

ဘင်တောင်ပြိုကျပြီး ရေနစ်မြှပ်ကာ ပိတ်မိနေတဲ့ နတ်ကြီးရွာသို့လဲ ရိက္ခာများ သွားရောက်ပို့ဆောင်ပေးခဲ့သေးတယ်လို့ ဝေဠုကျော် ဖောင် ဒေးရှင်း ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

"ဘင်တောင်ပြိုကျပြီး ရေနစ်မြှပ်ကာ ပိတ်မိနေသော နတ်ကြီးရွာသို့ လဲ ရိက္ခာများအား ရေတတန် ကုန်းတတန် ခက်ခက်ခဲခဲ အဆင့်ဆင့် အခေါက်များစွာ ပို့ဆောင်ပြီး အလှမ်းဝေးလှသည့် နတ်ကြီးရွာနှင့် အနီးဆုံးသို့ ရိက္ခာများ ရောက်ရှိနေပါပြီ။ဘီးလင်းမှ ၂၂မိုင် ဝေးကွာသည့် နတ်ကြီးရွာသို့ ရေလမ်း ၊ကုန်းလမ်း နောက်ရေ လမ်း မှတဆင့် လိုအပ်နေသောဆန်အိတ် များနှင့် စားနပ်ရိက္ခာများကို အရောက် ပို့ဆောင်ပေး မည် ဖြစ်ပါသည်။: ဆိုပြီး ဇူလိုင် (၂၉) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း Page

 

ဘီးလင်းမြို့ရှိ ရေဘေးသင့် ပြည်သူများဆီ သွားရောက်ကူညီပြီးသွားရင်လည်း ကရင်ပြည်နည်ဘက်သို့ သွားဦးမှာ ဖြစ်တယ်လို့ဝေဠုကျော်က ပြောထားပါတယ်။ သူကိုယ်တိုင် မပါဝင်နိုင်တဲ့ နေရာတွေမှာ ဝေဠုကျော် ဖောင်ဒေးရှင်း အဖွဲ့တွေ ခွဲပြီး ရေနစ်မြှပ်နေတဲ့ ဒေသအသီးသီးသို့ သွားရောက်ကူညီနေကြပြီဆိုတာကိုလည်း ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း Page

 

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က