ယောကျ်ားလေးချင်းကြိုက်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြူခိုး ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့ ထက်ဦးထွဋ် ဟာ အခုဆိုရင်တော့ ပါဝင်သရုပ်ဆောင်သွားဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ ထုတ်လုပ်ရေး ဘက်ကလည်း တရားဝင်ကြေညာခဲ့သလို ထက်ဦးထွဋ်ရဲ့ We Love Htet Oo Htut Fan Group ကလည်း ကြေညာခဲ့ပါတယ်။

Photo: Htet Oo Htut Facebook

 

Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြူခိုး ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့ Model ထက်ဦးထွဋ်ဟာ အခုဆိုရင်တော့ ပါဝင်သရုပ်ဆောင်သွားဖို့ အစီအစဉ်မရှိတော့ဘူးလို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Innocence: The Series  စီစဉ်ရိုက်ကူးမယ့် Root of Asia Co.,Ltd ရဲ့ တာဝန်ရှိသူ တစ်ဦးက Duwun Media ကို ပြောပြခဲ့ပါတယ်။

''Innocence: The Series Team မှ ထက်ဦးထွဋ် (ခ) Rola အား နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာစာ တင်ပေးရန် ပြောခဲ့ပြီးထက်ဦးထွဋ်ရဲ့ မိခင်ဖြစ်သူက ကြေညာချက်မထုတ်ပေးနိုင်ခဲ့တာကြောင့်  Innocence: The Series Team နှင့် ( Root of Asia ) ဘက်မှ တရားဝင် ကြေညာ ချက်ကို ထုတ်ပြန်ခြင်းဖြစ်တယ်''လို့  သိရပါတယ်။

Photo: Htet Oo Htut Facebook

 

ထက်ဦးထွဋ် ပါဝင်ရိုက်ကူးဖို့ အစီအစဉ်မရှိတော့တဲ့ Innocence: The Series ဇာတ်လမ်းတွဲဟာ ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ကို ပုံဖော်ပြသမယ့် ဇာတ်လမ်းပုံစံဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မြန်မာနိုင်ငံမှာ လိင်တူချစ်သူအကြောင်း တင်ဆက်တဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

''Root of Asia Co.,Ltd ကနေ Innocence: The Series ကို တာဝန်ယူ စီစဉ်ရိုက်ကူးပေးမှာဖြစ်ပြီး သက်ဆိုင်ရာ အနုပညာ ရှင်များနဲ့ ပြန်လည် ဆွေးနွေးရာ ထက်ဦးထွဋ် (ခ) Rola က ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း ပြောလာသဖြင့် မိမိဆန္ဒအလျောက် နှုတ်ထွက်ခဲ့တယ်'' ဆိုတာကို Root of Asia Co.,Ltd ရဲ့ Innocence: The Series Offical Page ကနေ သြဂုတ်လ ၁၄ ရက် နေ့လည် ၁၁နာရီက ကြေညာခဲ့တာပါ။

Photo: Htet Oo Htut Facebook

 

အဲ့ဒီနောက် ထက်ဦးထွဋ်ကို ချစ်ကြတဲ့ We Love Htet Oo Htut အဖွဲ့က Admin ကိုယ်တိုင်ကလည်း သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်က Facebook  Group ထဲကနေတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ Innocence The Series ဇာတ်လမ်းတွဲထဲမှာ ထက်ဦး ထွဋ် မပါဝင်နိုင် တော့ တာကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်များစွာလည်း ရှိနေပါတယ်။

''Innocence နဲ့ဆိုင်ရာအနုပညာရှင်များက အရင်Companyနဲ့ စာချုပ်ဖျက်သိမ်းပြီးတဲ့နောက် နောက်Companyနဲ့ စာချုပ်ချုပ်ဆိုရာမှာ ထက်ဦး ထွဋ်အနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် မပါဝင်ဖြစ်တော့တာမို့ စာချုပ်ဆက်မချုပ်တော့ပဲ Innocence Team မှ နှုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်ရှင်'' လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ယောကျ်ားလေးချင်းကြိုက်တဲ့ ဇာတ်လမ်းတွဲမှာပါဝင်မယ့် ထက်ဦးထွဋ်  

Photo: Htet Oo Htut Facebook

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ Innocence ဇာတ်လမ်းတွဲကိုတော့ မြူခိုး ဇာတ်ကောင်နေရာ အတွက် ရွေးချယ်မှု လုပ်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က