20W charger သစ်လည်း ထွက်ဖို့ ရှိပါတယ်

Apple သတင်းတွေနဲ့ ပတ်သက်ရင် တိကျမှန်ကန်တယ်လို့ နာမည်ကြီးတဲ့ ပညာရှင်တစ်ဦးကတော့ iPhone 12 သစ်မှာ power charger နဲ့ EarPods တွေ ထည့်သွင်းလာတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

TF Securities မှ ဈေးကွက်သုံးသပ်သူတစ်ဦးဖြစ်တဲ့ မင်ချိကုအိုမှ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ မင်ချိကုအိုရဲ့ အဆိုအရ ဒီနှစ်နောက်ပိုင်း iPhone SE သစ် ဗူးတွေမှာလည်း power adapter ကို ဖယ်ရှားသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဗူးထဲမှာ iPhone 12 ‌မော်ဒယ်တွေနဲ့အတူ တစ်ခုတည်းသော accessory အနေနဲ့ USB-C to Lightning cable တစ်ခုပဲ ထည့်ပေးထားမယ်လို့ MacRumors သတင်းက ဖော်ပြထားပါတယ်။



Photo: MacRumors

ဒီနှစ်မှာ ထွက်လာမယ့် iPhone 12 တွေဟာ 5G မော်ဒယ်တွေ ဖြစ်လို့ ထုတ်လုပ်မှုကုန်ကျစရိတ် သိသိသာသာ တက်လာဖို့ ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ မော်ဒယ်သစ်တွေဟာ iPhone 11 စီးရီးနဲ့ သိပ်မကွာအောင် ထိန်းသွားဖို့ ရှိတာကြောင့် ကုန်ကျစရိတ်သက်သာအောင် EarPods နဲ့power adapter တွေ ဖယ်ရှားဖို့ ရှိနိုင်တယ်လို့ မင်ချိကုအိုက ခန့်မှန်းထားတာပါ။

Apple ဟာ ဒီနှစ်ထဲမှာ 20W charger သစ်လည်း မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။ 20W charger ကို တတိယသုံးလပတ်မှာ ထုတ်လုပ်သွားဖို့ ရှိပြီး လက်ရှိ 5W နဲ့ 18W charger တွေကိုတော့ ထုတ်လုပ်မှု ရပ်ဆိုင်းသွားဖို့ ရှိနေပါတယ်။ EarBuds မထည့်ခြင်းကနေ Apple ရဲ့ AirPods ရောင်းအားလည်း တက်အောင် ကူညီပေးနိုင်ဖို့ ရှိပါတယ်။ 


Photo: MacRumors

လက်ရှိထွက်ထားတဲ့ iPhone အားလုံးမှာ EarPods များ ပါရှိပြီး iPhone 11 နဲ့ iPhone SE သစ်မှာ 5W USB-A adapter တစ်ခုနဲ့ iPhone 11 Pro နဲ့ 11 Pro Max မှာ 18W USB-C adapter တစ်ခု ထည့်ပေးထားပါတယ်။ iPhone 12 စီးရီးသစ်မှာ မော်ဒယ် ၄မျိုးနဲ့ ထွက်လာဖို့ ရှိပြီး ပထမဆုံးအကြိမ်အဖြစ် OLED display ကိုပဲ သုံးသွားဖို့ ရှိပါတယ်။ 

20W fast charger ကို iPad မော်ဒယ်သစ်တွေနဲ့အတူ ကြေညာသွားဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာ ၁၀.၈ လက်မ iPad နဲ့ လာမယ့် ၂၀၂၁ ပထမနှစ်ဝက်မှာ ၈.၅ လက်မ iPad mini တစ်မျိုးကို မိတ်ဆက်သွားဖို့ ရှိပါတယ်။ iPad မော်ဒယ်သစ်တွေမှာ 20W fast charger တစ်ခါတည်း ပါဝင်လာမှာ ဖြစ်ပြီး iPhone ပိုင်ရှင်တွေကတော့ သီးသန့်ဝယ်ယူရမှာ ဖြစ်ပါတယ်။






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က