Photo : နို့ဘီလူး FB
နို့ဘီလူး ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ပို့အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် ဇေရဲထက်ဟာ ဖိုးလပြည့်ဆိုတဲ့ ကောင်လေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဇာတ်ပို့အဖြစ် ရတဲ့အခန်းကဏ္ဍမှာ အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်ချစ်တဲ့ အမျိုးတွေ ကျွန်တော့်ကိုချစ်တဲ့ အမျိုးများခင်ဗျာ၂၉.၃.၂၀၁၉ မှာ ရုံတင်မယ့် နို့ဘီလူး ကားကြီးကိုကြည့်ပြီး အဲဒီကားထဲက ဖိုးလပြည့်ဆိုတဲ့ေ ကာင်လေး ဇာတ်ပို့အဖြစ်နဲ့ ရတဲ့အခန်းကဏ္ဌလေးမှာ အကောင်းဆုံး သရုပ်ဖော်ပေးထားပါတယ်။ ဖိုးလပြည့်လေးလို့ မိသားစုအပေ ါ်တာဝန်ကျေတဲ့ သူတော်ေ ကာင်းလေး ဖြစ်ဖို့ ကျွန်တော် ဆုတောင်းမိနေတယ်။ ကဲ အရမ်းကောင်းပြီး လောဘဒေါသမောဟတွေနဲ့ပြည့်နှက်နေတဲ့ လူတွေအကြောင်း သူတို့လောဘေ တွက သူတို့ကိုမသေခင်ကတည်းက ဒုက္ခပေးတတ်တယ်ဆိုတဲ့ ပညာပေးရုပ်ရှင်ကားကြီးတကားဖြစ်တဲ့အတွက် ကြည့်ရတန်စေမယ့်ကားေ ကာင်းတကားဖြစ်ပါတယ်း” လို့ သူက ဆိုပါတယ်။
Photo : နို့ဘီလူး FB
နို့ဘီလူးကားဟာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေအတွက် ပေးရတဲ့ပိုက်ဆံနဲ့ တန်အောင် ပြန်ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ(၂၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ဒါရိုက်တာ လူမင်းကိုယ်တိုင် ရိုက်ကူးထားပြီး လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီနဲ့ အကယ်ဒမီ ဒေါ်မြတ်မွန်တို့က အဓိက ပါဝင်ထားကြပါတယ်။
Photo : ဇေရဲထက်
ဇေရဲထက်(Zay Ye Htet) ကို ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေစလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ်လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက်ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေ ကြားကနေ အခုဆိုရင် အောင်မြင်တဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။