ငွေကျပ်သိန်းပေါင်းတစ်ထောင်ကျော်အထိ မုန့်ဖိုး မျှဝေရယူနိုင်မယ့် KBZPay ရဲ့ အစီအစဉ်လေးတစ်ခုကို စတင်လိုက်ပါပြီ။

မြန်မာ့ရိုးရာသီတင်းကျွတ်အခါသမယမှာ ကိုယ်လေးစားချစ်ခင်တန်ဖိုးထားရတဲ့လူကြီးမိဘတွေကို ဂါဝရတရားနဲ့ ကန်တော့ပန်းဆင်တတ်ကြသလို ချစ်ခင်မြတ်နိုးသူအချင်းအချင်းအကြားမှာလည်း မုန့်ဖိုးလေးတွေ မျှဝေပေးတတ်ကြတဲ့ ကာလပါ။ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျဖြစ်တဲ့ KBZPay ရဲ့ သီတင်းကျွတ်မုန့်ဖိုးကို သုံးစွဲသူ မိတ်သင်္ဂဟအပေါင်းအတွက် ငွေကျပ်သိန်းပေါင်းတစ်ထောင်ကျော်အထိ မုန့်ဖိုး မျှဝေရယူနိုင်မယ့် အစီအစဉ်လေးတစ်ခုကို စတင်လိုက်ပါပြီ။

ဘယ်တော့စမှာလဲ

သီတင်းကျွတ်မုန့်ဖိုးမျှဝေအစီအစဉ်ကို အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ 

ဘယ်သူတွေပါဝင်ခွင့်ရမှာလဲ

KBZPay ကိုအသုံးပြုနေတဲ့ သုံးစွဲသူအားလုံးဒီအစီအစဉ်မှာပါဝင်နိုင်မှာဖြစ်ပါတယ်။

မုန့်ဖိုးဘယ်လိုရမှာလဲ

အောက်တိုဘာ ၁၉ရက်နေ့ကနေ ၂၁ရက်နေ့အထိ ည ၈:၃၀ အချိန်တိုင်းမှာ မုန့်ဖိုးကို ရယူနိုင်မှာဖြစ်ပါတယ်။ 

မုန့်ဖိုးရဖို့ ဘာလုပ်ရမလဲ

မုန့်ဖိုးရဖို့အတွက် တစ်ခုတည်းသောလိုအပ်ချက်က အနီ၊ အဝါ ၊အစိမ်း၊ အပြာ၊ ခရမ်းအရောင်လေးတွေရှိတဲ့ ဆီမီးခွက်လေးတွေကိုစုဆောင်းရပါတယ်။ ဆီမီးခွက်တစ်ခွက်ရှိရုံနဲ့ မုန့်ဖိုးမျှဝေအစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ အပိုဆီမီးခွက်တွေကိုလည်း အချင်းချင်းမျှဝေပေးနိုင်မှာပါ။ ဒါ့အပြင် KBZPay လက်ရှိသုံးစွဲသူတွေအနေနဲ့ KBZPay ရဲ့သီတင်းကျွတ် မုန့်ဖိုး အစီအစဉ်မှာ ပါဝင်ဖို့ ဖို့ သုံးစွဲသူအသစ်တွေကို စည်းရုံးခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင်လည်း အပိုဆုကြေးငွေတွေရရှိဦးမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။

 ဆီမီးခွက်ရယူစုဆောင်းနိုင်မယ့် နည်းလမ်း(၄)မျိုး

၁။ Campaign Page ကို နေ့စဉ် Check-in ဝင်မယ်ဆိုရင် မည်သည့်အရောင်အမျိုးအစားမဆိုဖြစ်နိုင်တဲ့ ဆီမီးခွက်တစ်ခွက်ကို ရရှိမှာပါ။ 

၂။ သုံးစွဲသူအသစ်တစ်ယောက်ကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် မည်သည့်အရောင်အမျိုးအစားမဆိုဖြစ်နိုင်တဲ့ ဆီမီးခွက်တစ်ခွက်ရမှာဖြစ်သလို သုံးယောက်ပြည့်တိုင်းမှာ သက်တန့်ရောင် ကံကောင်းခြင်းဆီမီးတစ်ခွက်ရမှာပါ။ 

၃။ KBZPay Official Account ကို ဝင်ကြည့်ပြီး သီတင်းကျွတ်မုန့်ဖိုး အကြောင်းရေးသားထားတဲ့ ဆောင်းပါးထဲကိုဝင်ကြည့်မယ်ဆိုရင်လည်း မည်သည့်အရောင်မဆိုဖြစ်နိုင်တဲ့ ဆီမီးတစ်ခွက်ရမှာပါ။ 

၄။ KBZPay သုံးပြီး KBZPay ရဲ့ အရောင်းမိတ်ဖက်ဆိုင်တွေမှာ Online/Offline ဈေးဝယ်တာ၊ ဖုန်းငွေဖြည့်တာနဲ့ ဒေတာဝယ်တာတွေပြုလုပ်မယ်ဆိုရင်လည်း မည်သည့်အရောင်မဆိုဖြစ်နိုင်တဲ့ ဆီမီးခွက်တစ်လုံးရမှာပါ။ 

ထို့အတွက် ငွေကြေးသုံးစွဲရာမှာတော့ အနည်းဆုံး ငွေငါးထောင်ကျပ်ကစတင်သုံးစွဲရမှာဖြစ်ပြီး ဆီမီးခွက်ရဖို့အတွက် ကန့်သတ်ချက်အနေနဲ့ကတော့ တစ်ရက်ကို သုံးကြိမ်သာသတ်မှတ်ထားပါတယ်။ 

မြန်မာတို့ရဲ့မင်္ဂလာရှိတဲ့ သီတင်းကျွတ်အခါသမယမှာ အချင်းချင်း အပြန်အလှန် မုန့်ဖိုးလေးတွေ မျှဝေရယူနိုင်ဖို့အတွက် KBZPay ရဲ့မုန့်ဖိုးမျှဝေအစီအစဉ်မှာ ဝင်ရောက်ပါဝင်ဆင်နွှဲလိုက်ပါ။ သီတင်းကျွတ်အထိမ်းအမှတ် ဆီမီးခွက်လေးတွေက သင့်အတွက် ပျော်ရွှင်စရာလေးတွေကို ယူဆောင်ပေးပါလိမ့်မယ်။

KBZPay App ကို ရယူရန် –

Android Version: http://bit.ly/2RP3U0N

iOS Version: https://apple.co/31igRU9


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က