G-Fatt တစ်ယောက် ကလောမှာ သီချင်းရေးရတဲ့ ခံစားချက်လေးက ရန်ကုန်မှာတောင်ရေးလို့ မရတဲ့ ခံစားချက် မျိုးပါတဲ့။ ၂၀၁၉ ခုနှစ်မှာ အသစ်ထွက်လာမယ့် သူ့ရဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။
Photo: G-Fatt
အဆိုတော် G-Fatt ရဲ့ သီချင်းအသစ်ကတော့ တကယ်ကို ဆန်းကျယ်ပါတယ်။ ရန်ကုန်မှာ ရေးလို့ မရတဲ့ သီချင်းကို ကလော မှာ ရေးခဲ့တဲ့ သီချင်း အသစ်လေးက ပရိသတ်တွေအတွက် ခံစားမှုအသစ်ဖြစ်စေမယ်လို့ သူကဆိုပါတယ်။
'' ၂၀၁၉ ရဲ့ ပထမဆုံး သီချင်းအသစ် တစ်ပုဒ်ကို ကလောမှာရေးခဲ့တယ်။ ကျွန်တော်တည်းတဲ့ အခန်းရဲ့အပြင်က တောင်တန်း တွေ ပတ်ပတ်လည်ပဲ။ အဲ့တောင်တန်းတွေကြောင့်ပဲ။ သီချင်းအရမ်းရေးချင်လာတာနဲ့ ဂစ်တာငှားပြီး ရေးလိုက်တာ ကလော မှာနေတဲ့ နှစ်ရက်အတွင်း တစ်ပုဒ်လုံးပြီးသွားတယ်'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: G-Fatt
သီချင်းလေးအတွက် သံစဉ်တွေကိုတော့ ရန်ကုန်ပြန်ရောက်မှ လုပ်တော့မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူ နှစ်ဦးဟာ မိသားစုနဲ့ အတူ ကလောမြို့လေးကို ခရီး ထွက်နေတာဖြစ်ပါတယ်။
''အခုရန်ကုန်ရောက်မှ တီးလုံးအတွက် ထပ်ခေါင်းစားရဦးမယ်ပေါ့ သေချာတာတော့ ဒီသီချင်းအကြာင်းအရာ ဟာ (ကျွန်တော့် အတွက်) ရန်ကုန်မှာ ရေးလို့ မရနိုင် ဘူးဆိုတာပဲ။ ကဲ .. ညွှန်းတာတွေလဲ သိပ်များသွားပြီဗျာ။ အခွေထဲထည့် ဖြစ်မလား။ ဒီတိုင်းထုတ်ဖြစ်မလား၊ မသိသေးဘူး သီချင်းထွက်လာမှပဲ ခံစားကြည့်ပေးကြတော့ဗျာ'' ဆိုပြီးတော့လည်း ဆက်လက်ရေးသား ခဲ့ပါသေးတယ်။
Photo: G-Fatt
အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးက လက်ရှိမှာ သာသာယာယာပါပဲ။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အချစ်ရေးလေး တစ်ခုဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အဆိုတော် G-Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုး တစ်ယောက်လည်း မဟုတ် ဘူး လို့ မီဒီယာတွေကို ဖြေဆိုဖူးပါတယ်။
'' အချိန်တိုင်းမှာ လူကောင်းဆိုတာတော့ မရှိပါဘူးခင်ဗျာ။ အချိန်တိုင်းမှာလည်း လူဆိုး ဆိုတာတော့ မရှိပါဘူး။ ကျွန်တော် ထင်တာ ကတော့ ကျွန်တော်ကလည်း ကောင်းလိုက် ဆိုးလိုက်ပါပဲ။ ပြဿနာတစ်ခုမှာ ဆုံးဖြတ်တာကောင်းသွားပေမယ့် နောက်ပြဿနာ တစ်ခုမှာ ကျွန်တော် လူဆိုးဖြစ်ရင် ဖြစ်သွားနိုင်တာပဲ'' လို့ သူကဆိုပါတယ်။
Photo: G-Fatt
နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။
Share