ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာ ပြိုင်ဘက်ကို အလွန်အမင်းတွေ ချီးကျူးခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲက သူ့ရဲ့ ပြောစကားတွေကြောင့် Mind Game ကစားခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ မန်စီးတီးဟာ ပွဲကျန်အဖြစ် ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားရမှာပါ။



ဘရိုက်တန်ဟာ နည်းပြ ရော်ဘတ်တိုဒီဇာဘီရဲ့လက်ထက်မှာ အကောင်းဆုံးပုံစံတွေပြသနေပြီး လာမယ့်ရာသီမှာလည်း ဥရောပဝင်ခွင့်ရရှိထားပြီးဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ အရင်ကတည်းက ဘရိုက်တန်ရဲ့ ကစားပုံကို ချီးကျူးခဲ့ဖူးပြီး အခု ရင်ဆိုင်ရမယ့် ပွဲမတိုင်ခင်မှာလည်း အလွန်အကျူး အမွှန်းတင်ခဲ့ပြန်တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကျွန်တော် အခုပြောမယ့်စကားကို ခင်ဗျားတို့ အာရုံစိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ရော်ဘတ်တိုဒီဇာဘီက နောက်ဆုံးနှစ် (၂၀) အတွင်းမှာ လွှမ်းမိုးမှုအရှိဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့ကစားတဲ့ပုံစံက ဘယ်အသင်းမှ မကစားတဲ့ပုံစံမျိုးဖြစ်ပြီး ပြိုင်ဘက်ကင်းပါတယ်။ ဥရောပပြိုင်ပွဲဝင်ခွင့်ရတဲ့အတွက်လည်း သူတို့ကို ကျွန်တော် ဂုဏ်ပြုပါတယ်”

“ဒီဇာဘီ ပရီးမီးယားလိဂ်ကို ရောက်လာချိန်ကတည်းက သူ့ရဲ့ သက်ရောက်မှုက ကြီးကျယ်ခမ်းနားမှာကို ကျွန်တော်ခံစားမိပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်း သူ ဒီလောက်အထိ လုပ်ပြနိုင်မယ် မထင်ထားပါဘူး။ သူတို့က တစ်ပွဲကို အခွင့်အရေး အကြိမ် (၂၀)၊ (၂၅) ကြိမ်လောက် ဖန်တီးနေတာပါ။ ဘောလုံးကို စိတ်ကြိုက်ကစားနေပြီး ဒီလိုမျိုးပုံစံကို မမြင်တွေ့ခဲ့ရတာကြာပါပြီ”

“ဂိုးသမားတောင်မှ ကွင်းလယ်လူဖြစ်နေပြီး အားလုံးက ကစားကွက်မှာ ပါဝင်နေကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒါဟာ ဂွါဒီယိုလာရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုဖြစ်ပြီး သူ့ရဲ့ ထုံးစံအတိုင်း ပြိုင်ဘက်ကို အမြင့်အထိ ဆွဲတင်ပြီးမှ ရိုက်ချဖို့ ကြံစည်နေတာဖြစ်တယ်လို့ အသီးသီး မှတ်ချက်ပြုနေကြပါတယ်။ 

Share

Loading Next Article...
က္က