ဒီရာသီမှာ ကီတာက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားပေးထားခဲ့ပမယ့်လည်း သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ ပြုလုပ်ပေးထားနိုင်ခြင်း မရှိခဲ့ပါဘူး။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီကမှ ဝယ်ယူထားခဲ့တဲ့ ကွင်းလယ်လူ နဘီကီတာကို ပေါင် (၁၀)သန်းအထိ အဆုံးရှုံးခံပြီး ပြန်လည်ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတ်ယ။ ၂၀၁၇ ခုနှစ်မှာ ကီတာကို လိုက်ဇစ်ကနေ ပြန်လည်ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ကီတာက ဒီနှစ်ဘောလုံးရာသီအစမှာ လီဗာပူးလ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။
ရာသီအစပိုင်းမှာ ကီတာက ခြေစွမ်းပြသကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာအနာတရတွေနဲ့ ရုန်းကန်နေခဲ့ရပြီးနောက် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ကီတာအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့တဲ့ ယာဂင်ကလော့ပ်အတွက်လည်း ကစားသမားရဲ့ ခြေစွမ်းပျောက်ဆုံးနေမှုက စိတ်ပျက်စရာဖြစ်ခဲ့ပြီး အခုလို အရှုံးခံကာ ပြန်လည်ရောင်းချဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။
အသက် (၂၄)နှစ်အရွယ် ကစားသမားအတွက် လီဗာပူးလ်ဟာ ပေါင် (၅၃)သန်းအထိ ပေးချေခဲ့ရတာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့လို့ စိတ်ပျက်စရာအပြောင်းအရွှေ့ ဖြစ်ခဲ့ရပါတယ်။ ဒီရာသီမှာ ကီတာက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၇)ပွဲ ကစားပေးထားခဲ့ပမယ့်လည်း သွင်းဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှ ပြုလုပ်ပေးထားနိုင်ခြင်း မရှိခဲ့ပါဘူး။
လိုက်ဇစ်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ရာသီမှာ ကီတာက (၈)ဂိုးသွင်းကာ (၈)ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကစားသမားရဲ့ ခြေစွမ်းကို သဘောကျခဲ့လို့ လီဗာပူးလ်က တစ်ရာသီကြိုတင်ကာ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူထားခဲ့တာဖြစ်တယ်လို့လည်း 90 min က ရေးသားဖော်ပြခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းကွင်းလယ်ပိုင်းမှာ ဝိုင်နယ်ဒမ် နဲ့ လယ်လာနာတို့က ခြေစွမ်းပြနေပြီး ပုံမှန်နေရာ ရရှိနေတဲ့အတွက် ကီတာရဲ့ အန်ဖီးလ်ကစားသမားဘဝဟာ မကြာခင်မှာပဲ အဆုံးသတ်ဖွယ်လည်း ရှိလာခဲ့ပါပြီ။ လီဗာပူးလ်အတွက်လည်း မအောင်မြင်တဲ့ အပြောင်းအရွှေ့တစ်ခုကို ရင်ဆိုင်ခဲ့ရသလို ပေါင် (၁၀)သန်းအထိ အရှုံးခံဖို့အတွက်ပါ ဖြစ်လာခဲ့ရပါတယ်။