90 min ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက အသင်းအတွက် ဆန်းချက်ဇ်၊ ဒါမီယန် နဲ့ ဗလန်စီယာတို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မှာ ကစားသွားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင်းအတွက် ကစားသမား (၃)ဦး ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။ 90 min ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက အသင်းအတွက် ဆန်းချက်ဇ်၊ ဒါမီယန် နဲ့ ဗလန်စီယာတို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဆောက်သမ်တန်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့ ဒီလအစောပိုင်းက ပွဲစဉ်ပြီးတဲ့နောက်မှာ ဆန်းချက်ဇ်က ယူနိုက်တက်အတွက် ကစားပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒူးဒဏ်ရာရရှိခဲ့လို့ အနားယူနေရတာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့လေ့ကျင့်ခန်းပြုလုပ်နေပြီ ဖြစ်ပေမယ့်လည်း ဒီတစ်ပတ်ပွဲကိုတော့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှားက အတည်ပြုသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရခဲ့တဲ့ ဆိုးလ်ရှားက အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်နေ ဝက်ဖို့ဒ်နဲ့ပွဲအတွက် အခုလိုပဲ ပြောခဲ့ပါတယ်။ "အရမ်းကောင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို ကျွန်တော်တို့ ပြုလုပ်ခဲ့ပြီးပါပြီ၊ ကစားသမားတချို့ကတော့ နိုင်ငံတကာပွဲတွေသွားကစားပေးခဲ့ရပေမယ့်လည်း အသင်းကို သူတို့တွေအားလုံး အဆင်ပြေပြေနဲ့ ပြန်ရောက်လာခဲ့ကြပါတယ်"
"အလက်ဆစ်လည်း ပြန်ရောက်လာခဲ့ပြီးတော့ သူကတော့ ပါဝင်ကစားပေးနိုင်မဟုတ်သေးပါဘူး၊ သူနဲ့အတူ ဒါမီယန်ရော၊ ဗလန်စီယာပါ ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်ကြမှာပါ၊ နောက်ထပ် ကစားသမားတစ်ဦး၊နှစ်ဦးလောက်ကိုလည်း ကျွန်တော်တို့ စောင့်ကြည့်မှုတွေ ရှိနေပါတယ်" လို့ ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်မှာ တိုက်စစ်မှူး (၃)ဦးဖြစ်တဲ့ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ လူကာကူတို့လည်း ဒဏ်ရာရရှိနေခဲ့ကြတာဖြစ်ပြီး ဘယ်သူတွေ ထပ်မံလွဲချော်ဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။ အဖြစ်နိုင်ဆုံးကတော့ လူကာကူဖြစ်ဖွယ်ရှိနေပြီး မာရှယ် နဲ့ ရက်ဖို့ဒ်တို့ဟာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးနိုင်ချေ ရှိတယ်လို့လည်း သတင်းဌာနတချို့က ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။
ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် လက်ကျန်ပွဲစဉ်တွေမှာ အစွမ်းကုန်ကစားသွားရမှာဖြစ်ပြီး လက်ရှိမှာ အဆင့် (၄)နေရာက အာဆင်နယ်နဲ့ (၂)မှတ်အထိ ကွာဟနေပါတယ်။ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်ထားပြီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဧပြီလ (၁၀)ရက်နေ့မှာ ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားသွားရမှာ ဖြစ်ပါတယ်။