အင်္ဂလန်က နည်းပြသစ်ရှာဖွေနေရတာပါ။

အင်္ဂလန်ရဲ့ နည်းပြဟောင်းကြီး ဆဗန်အဲရစ်ဆင်က အင်္ဂလန်လက်ရွေးစင်အနေနဲ့ နည်းပြချုပ်ရာထူးအတွက် အင်္ဂလန်လူမျိုးကိုပဲ မရှာဖွေသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ အဲရစ်ဆင်ဟာ အင်္ဂလန်လက်ရွေးစင်သမိုင်းမှာ ပထမဆုံး နိုင်ငံခြားသား နည်းပြဖြစ်ခဲ့ဖူးတာပါ။



ဒီဆွီဒင်သားကြီးလက်ထက်မှာလည်း အင်္ဂလန်တို့ အောင်မြင်မှု မရခဲ့ပါဘူး။ လက်ရှိမှာ အင်္ဂလန်က ဆောက်ဂိတ်နဲ့ လမ်းခွဲထားပြီး နည်းပြသစ် ရှာဖွေနေပါတယ်။ ဒီအတွက်လည်း အက်ဒီဟောင်း၊​ ဂရေဟမ်ပေါ်တာ၊ ကလော့ပ်တို့လို နည်းပြတွေနဲ့ သတင်းထွက်နေပါတယ်။

ဒါ့အပြင် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ရည်မှန်းချက်ရှိနေတဲ့ ဂွါဒီယိုလာကလည်း တစ်ချိန်မှာ အင်္ဂလန်နည်းပြဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ဒီအတွက် အဲရစ်ဆင်က “ကျနော့်အတွက်တော့ အင်္ဂလန်လက်ရွေးစင်နည်းပြနေရာအတွက် အင်္ဂလန်လူမျိုး ဖြစ်ရမယ်ဆိုတာမျိုး မရှိပါဘူး”

“အရေးအကြီးဆုံးအချက်ကတော့ မှန်ကန်တဲ့နည်းပြတစ်ယောက်ကို ရှာဖွေရမှာပါ။ သူက အသင်းကို ဖိုင်နယ်ပဲ ပို့ပေးလို့မရဘဲ ပြည့်ပြည့်ဝဝနဲ့ကို ရှေ့ဆက်နိုင်စေရပါမယ်။ သူက အင်္ဂလိပ်လူမျိုးပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ဒါက အရေးမကြီးသင့်ပါဘူး”

“ထိပ်တန်းနည်းပြကို ခန့်ရင်ခန့် ဒါမှမဟုတ်လည်း အနာဂတ်ကောင်းမယ့် လူငယ်နည်းပြတစ်ယောက်ကို ခန့်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အနေအထားအရတော့ အင်္ဂလိပ်လူမျိုး နည်းပြတစ်ယောက်ကိုသာ ပြန်လည်ခန့်အပ်ဖွယ်ရှိပါတယ်။

Share

Loading Next Article...
က္က