ကလော့ပ်က အာဖရိကဖလားပြိုင်ပွဲအပေါ် ဝေဖန်ခဲ့တာပါ။

အင်္ဂလန်ဘောလုံးလောကရဲ့ ကစားသမားဟောင်းတယောက်ဖြစ်တဲ့ ထရီဗာဆင်ကလဲယားက လီဗာပူးနည်းပြ ကလော့ပ်ရဲ့ အာဖရိကဖလားပြိုင်ပွဲအပေါ် ချိုးနှိမ်ပြောကြားမှုက မာနေးကို လီဗာပူးကနေ ထွက်ခွာသွားစေတယ်လို့ ဝေဖန်သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီဝက်မှာ ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲကို ကလော့ပ်က သေးငယ်တဲ့ပြိုင်ပွဲတပွဲအဖြစ် ဝေဖန်ခဲ့တာပါ။



ကလော့ပ်ရဲ့ ဒီပြောစကားတွေကို ဆီနီဂေါနည်းပြ အလူးဆစ်ဆီက ပြန်လည်တုံ့ပြန်ခဲ့ပြီး ကလော့ပ်ကတော့ ဒါမျိုး မရည်ရွယ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အဲ့ဒီအာဖရိကဖလားပြိုင်ပွဲအတွက် လီဗာပူးက ဆာလာ၊ မာနေး၊ ကီတာတို့ကို လက်ရွေးစင်တွေအတွက် စေလွှတ်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဆင်ကလဲယားက “အဓိက,က ကလော့ပ်အနေနဲ့ အာဖရိကဖလားပြိုင်ပွဲကို ချိုးနှိမ်ပြောဆိုလိုက်တာကြောင့် မာနေးကို လက်လွှတ်ရတာပါ”

“ကျနော်ကတော့ ဒါကို အဓိကကျတဲ့ အကြောင်းပြချက်လို့ ယူဆပါတယ်။ မာနေးရဲ့ လက်ရွေးစင်နည်းပြ အလူးဆစ်ဆီကပါ ကလော့ပ်ကို ပြန်လည်တုံ့ပြန်ခဲ့ရတာပါ။ မာနေးက ဆီနီဂေါမှာ စံပြပုဂ္ဂိုလ်တယောက်ပါ။ သူက ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်လုပ်ပေးပြီး သူ့မွေးရပ်မြေအတွက် အရာအားလုံးကို လုပ်ပေးနေတာပါ။ ဒီတော့ မာနေးကိုယ်တိုင်ကလည်း ဘာစဥ်းစားမလဲ”

“ခင်ဗျားတို့သိပါတယ်။ ငါ ဒီအသင်းကနေ ထွက်ရမယ်လို့ပဲ မာနေးက စဥ်းစားမှာပေါ့။ သူက လီဗာပူးမှာ အချိန်ကောင်းကို ဖြတ်သန်းခဲ့ပြီး အသင်းရဲ့ ဂန္တဝင်လည်းဖြစ်နေပါပြီ။ ဒါပေမယ့် ဒီလိုဖြစ်ရပ်တွေအပြီးမှာ သူ ဆက်ကစားချင်မယ်လို့ ကျနော်တော့ မထင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က