မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်ဈေးနဲ့ စတင်ရောင်းချသွားမှာပါ

Full-Screen ဖုန်းတွေ အပြိုင်အဆိုင် ထုတ်လာတဲ့အထဲမှာ ZTE ဖုန်းသစ်ရဲ့ နည်းပညာက အတုယူစရာဖြစ်လာတော့မှာပါ။

အရင်က Screen အပြည့်နေရာယူနိုင်ဖို့ Notch တွေ Pop-up ကင်မရာနဲ့ punch-hole display တွေ သုံးခဲ့ကြပါတယ်။ ZTE ကတော့ ကင်မရာကို screen အောက်မှာ ဝှက်ထားတဲ့ နည်းပညာကို ပထမဆုံးဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။



Under-display selfie ကင်မရာစနစ်ကို Xiaomi ၊ OPPO စတဲ့ ကုမ္ပဏီတွေ သရုပ်ပြစမ်းသပ်မှု လုပ်ခဲ့ပေမယ့် တကယ်တမ်းဈေးကွက်ဝင်ဖုန်းအဖြစ် တရားဝင်ထွက်လာတာက ZTE ရဲ့ Axon 20 5G ဖုန်း ဖြစ်ပါတယ်။ မှန်ပြင်အောက် ကင်မရာစနစ်တွေမှာ အဓိက ကြုံရတဲ့အခက်အခဲတစ်ခုက ကင်မရာ Sensor ဆီ ပြင်ပအလင်းရောင် ကောင်းကောင်း မဝင်တာကြောင့် ဓါတ်ပုံအရည်အသွေးကျဆင်းနိုင်ခြင်း ဖြစ်ပါတယ်။

Photo: xda-developers

နောက်တစ်ခုက ကင်မရာရှိတဲ့နေရာက တောက်ပမှုနဲ့ ကာလာကွဲပြားမှုက display ရဲ့ တစ်ခြားနေရာတွေနဲ့စာရင် သိသာနိုင်ပါတယ်။ ဒီအတွက် ZTE Axon 20 5G မှာ အလင်းဖမ်းယူမှု မြင့်စေဖို့ ထွင်းဖောက်မြင်နိုင်မယ့် အထူးဖလင်ကုတ်တင်းစနစ်နဲ့ Screen အလွှာတွေအပေါ် အုပ်ပေးထားပါတယ်။

32MP selfie ကင်မရာဟာ ကိုယ်ပိုင် အလင်းဖမ်းနိုင်မယ့် အာရုံခံ sensor နဲ့လာပြီး အလင်းပမာဏကို လိုသလို ချိန်ညှိပေးနိုင်မယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက ကာလာရောစပ်မှုပိုင်းမှာ ထင်းထင်းကြီး ပေါ်မနေစေဖို့ ကင်မရာမှန်ဘီလူးတစ်ဝိုက် pixel စီမံစနစ်ကိုလည်း ပြန်ပြောင်းထားပါတယ်။

Axon 20 ဟာ ၆.၉၂ လက်မ OLED display နဲ့ လာပြီး FHD+ resolution ပါရှိပါတယ်။ display ဟာ 90Hz refresh rate ပံ့ပိုးထားပြီး လက်ဗွေစနစ်ကိုလည်း မှန်ပြင်အောက်မှာပဲ ထည့်သွင်းထားပါတယ်။ ရှေ့ display တစ်ခုလုံးလာ ကာလာသွင်းထားတဲ့ ဘောင်မဲ့မှန်တစ်ချပ်လိုမျိုး ခံစားမှုကို ပေးမှာပါ။

ကျောဘက်မှာ ထောင်လိုက် ၄ လုံးတွဲကင်မရာပါရှိပြီး primary sensor အနေနဲ့ 64MP ကို သုံးထားပါတယ်။ ဒီကင်မရာနဲ့အတူ 8MP ultrawide ၊ 2MP depth sensor နဲ့ 2MP macro lens တို့ တွဲသုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 4220 mAh ဖြစ်ပြီး 30W fast charging ပံ့ပိုးထားပါတယ်။


Photo: GSMArena

နာမည်အတိုင်းပဲ 5G ကွန်ရက်ချိတ်ဆက်နိုင်စေဖို့ Snapdragon 765G processor နဲ့အတူ RAM 6GB / 8GB ၊ storage 128GB နဲ့ 256GB တို့ ထွက်ထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 နဲ့ လာတဲ့ Mifavor 10.5 ထည့်ပေးထားပါတယ်။ ZTE Axon 20 5G ဟာ အနက် ၊ အဖြူ ၊ ခရမ်းနဲ့ လိမ္မော်ကာလာ ၄ ရောင်နဲ့ လာပြီး တရုတ်ဈေးကွက်မှာ စက်တင်ဘာ ၁၀ ရက်နေ့ စတင် ရောင်းချသွားမှာပါ။

RAM 6GB/128GB storage ကို ၂၁၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ၊ RAM 8GB/128GB storage မော်ဒယ်ကို ၂၄၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခန့်) နဲ့ အမြင့်ဆုံးမော်ဒယ် RAM 8GB/256GB storage ဗားရှင်းကို ၂၇၉၈ ယွမ် (မြန်မာငွေ ၅ သိန်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က