အစာအငတ်ခံပြီးနေနေပါတယ်တဲ့။

နေခြည်ဦး ဟာ ငပလီကမ်းခြေမှာ ရိုက်ကူးမယ့် ''အောက်ဖဲ မလှန်ကြေး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ ကမ်းခြေမှာ ရိုက်မယ့် ဇာတ်ကားဖြစ်တဲ့အတွက် ကမ်းခြေနဲ့ လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကိုလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။



Photo: Nay Chi Oo Facebook

 

နေခြည်ဦးက အခုလက်ရှိမှာ '' အောက်ဖဲ မလှန်ကြေး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို  ငပလီမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်ကား တစ်ကားလုံးကိုလည်း ငပလီမှာပဲ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ကမ်းခြေနဲ့ လိုက်ဖက်မယ့် အဝတ်အစားပြင်ဆင်မှု အပိုင်းလေးတွေကိုတော့ သေသေချာချာလေး လုပ်ထားတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

'' အင်္ကျီအဝတ်အစားပိုင်းကတော့ သိပ်မပူရဘူး။ Beach မှာ ရိုက်မှာဆိုတော့ Beach နဲ့ပတ်သက်တာ ဝတ်မယ်။ ဒါပေမယ့် Body အပိုင်း က တော့ တော်တော်လေးကို ဝိတ်လျှော့နေရပါတယ်။ အစာအငတ်ခံပြီးလုပ်နေရတာပေ့ါနော်။ တကယ်တော့ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး'' လို့ ဆိုပါတယ်။

Photo: Nay Chi Oo Facebook

မိန်းကလေးဆိုတာ သေသေသပ်သပ်နေသင့်တယ် လို့ဆိုလာတဲ့ နေခြည်ဦး 

'' အောက်ဖဲမလှန်ကြေး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေခြည်ဦးနဲ့ အတူ မင်းသားတွေဖြစ်တဲ့ ကျော်ရဲအောင်၊ ထွန်းထွန်း တို့ကလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဟာသဇာတ်ကားလည်းဖြစ်သလို ကမ်းခြေမှာရိုက်ကူးရေး လုပ်ရမှာ ဖြစ်တဲ့အတွက် သူ့ရင်ထဲက ခံစားချက်ကိုလည်း ပြောပြလာပါတယ်။

'' အရမ်းပျော်တယ်။ ငပလီဆိုတာ အရှေ့တောင် အာရှထဲက အလှဆုံး ကမ်းခြေထဲမှာလည်းပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ဖြစ်တဲ့ အတွက် လည်း အရမ်းပျော်တယ်။ ပြီးတော့ ကမ်းခြေရဲ့ ဖီလင်က တခြားနေရာမှာ ရိုက်တာနဲ့ မတူဘူး ကြည့်ရတဲ့လူလည်း တန်တယ်။ ပြီးတော့ ကမ်းခြေမှာ ရိုက်ဖို့ ရွေးချယ်တာကိုလည်း ကျေနပ်မိပါတယ်'' လို့ ဆိုပါတယ်။

 

နေခြည်ဦးဟာ ကမ်းခြေမှာ ရိုက်ကူးရမယ့် ဇာတ်ကားလေးအတွက် ရေကူးဝတ်စုံလှလှလေးတွေလည်း ရွေးချယ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီ့အတွက်လည်း သူ့ခန္ဓာကိုယ်ကို အစာအငတ်ခံပြီး ဝိတ်ချနေတယ်လို့ ဆိုပါတယ်။ 2 pic ရေကူးဝတ်စုံ ဝတ်ဖို့ မဖြစ်နိုင်သေးဘူး လို့လည်း စက်တင်ဘာလ ၂၁ ရက်နေ့က Pond ပစ္စည်းသစ် မိတ်ဆက်ပွဲ မှာ မီဒီယာတွေကို ဖြေဆိုခဲ့ တာဖြစ်ပါတယ်။

'' အမလေး ဘယ်လိုမှ အဆင်မပြေပါဘူး။ အခုဆို အခေါက်က ဘယ်နှစ်သိန်းဖြစ်သွားပြီဆိုလား ထုတ်ရောင်းမလို့ စဉ်းစားနေတာ။ Two Piece တော့ မဝတ်ရဲသေးဘူး၊ အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ပါ။ ဒါပေမယ့် Swam wear လှလှလေးတွေ ဝတ်သွားမှာပါ။ Beach Wear ဖြစ်တဲ့အတွက် အကျီၤကားကားလေးတွေ ဝတ်ဖို့တော့ အစီအစဉ်ရှိပါတယ်''လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nay Chi Oo Facebook

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က