ချစ်သူရှိတယ်လို့ပြောပြခဲ့ပါတယ်။

မိန်းကလေးပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နေခန့်မင်းသစ်ကတော့ မိန်းကလေးနဲ့တူပြီး နွဲ့တယ်လို့ အပြောခံ ရ တယ်လို့ သိရပါတယ်။ သူဟာ နွဲ့တဲ့သူ မဟုတ်ပဲ ချစ်သူရှိတယ် ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲ စပြိုင်ကတည်းက ဆံပင်ရှည်ရှည်နဲ့ မိန်းမချောချောတဲ့ နေခန့်မင်းသစ်ကို ချစ်တဲ့ ပရိသတ်တွေ လည်းရှိသလို ဝေဖန်တိုက်ခိုက်တဲ့ ပရိသတ်တွေလည်းရှိပါတယ်။ အဲ့ဒါအပြင် မိန်းကလေးနဲ့ တူပြီး နွဲ့တယ်လို့ အပြစ်ပြောတဲ့ သူတွေတောင် ရှိ တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့်ကို ဆံပင်ရှည်တာ အားကျတယ်၊ မိန်းကလေးနဲ့ တူတယ်ဆိုပြီး ပြောကြတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ ကျွန်တော့်ကို နွဲ့နေတာ လားလို့ မေးကြတယ်။ ကျွန်တော်မနွဲ့ပါဘူး၊ ဆံပင်ဘဲ ရှည်တာပါ ဒါပေမယ့် ကျွန်တော်က စိတ်လည်းမဆိုးတတ်ဘူး၊ တွေ့ရင်လည်း ရယ်နေတာ ပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ကိုယ် ကျွန်တော် အသိဆုံးပဲလေ'' လို့ ဆိုပါတယ်။

Photo: Nay Khant Min Thit Fb

 

မိန်းကလေးပရိသတ်တွေ အားပေးမှု အများကြီး ရရှိထားတဲ့ နေခန့်မင်းသစ်ကတော့ ချစ်သူရှိတဲ့ အကြောင်းကို ဖွင့်ပြောပြလာပါပြီ။ ချစ်သူ ရှိတာကြောင့်လည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေရဲ့ အချစ်က လျှော့သွားမှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့ အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော့်မှာ ချစ်သူရှိပါတယ်၊ ရန်ကုန်ကပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကလည်း ကျွန်တော့်ရဲ့အနုပညာကို ချစ်တာဖြစ်တဲ့အတွက် အချစ်ရေးနဲ့တော့ မမုန်းသွားဘူးလို့ ထင်ပါတယ်'' ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က ပရိသတ်တွေနဲ့ ပထမဦးဆုံး တွေ့ဆုံပွဲမှာ Duwun  Media ကို သီးသန့်ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Nay Khant Min Thit Fb

 

နေခန့်မင်းသစ်ရဲ့ ဆွဲဆောင်မှုကတော့ သူ့ရဲ့ ဆံပင်အရှည်လေးဖြစ်ပါတယ်။ ဒီဆံပင်အရှည်ကို အမြတ်တနိုး တာကြောင့် လုံးဝ မညှပ်ဘူး လို့လည်း မီဒီယာတွေကနေ ဖြေဆိုခဲ့ဖူးပါတယ်။ သူရဲ့ ဆံပင်ကို  ချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် အမြတ်တနိုးနဲ့ မှန်ဘောင်ထဲ ထည့်ထားမယ်လို့ ဆိုပါတယ်။

Photo: Nay Khant Min Thit Fb

 

နေခန့်မင်းသစ်ကို Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ ရုပ်ကလည်းချော ဆံပင်အရှည်နဲ့ လိုက်ဖက်သူဖြစ်တာကြောင့်လည်း မိန်းကလေး ပရိသတ်တွေ အားပေးမှု များစွာရရှိခဲ့တာပါ။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင် ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က