ဝက်သက်ပေါက်တာပါတဲ့။

တိုင်ရွန်က ဝက်သတ်ပေါက်လို့ အခုတော့ ဆေးရုံတက်နေရတယ်လို့ ဆိုပါတယ်. သူ့ အနေနဲ့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်.

Photo: Zaw G



တိုင်ရွန်တစ်ယောက် လက်ရှိ ကျန်းမာရေး အခြေအနေကြောင့် အလုပ်တွေ ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်. အခုလည်း အာရှတော်ဝင်ဆေးရုံမှာ ဆေးရုံ တင်ထားရတယ်လို့ သူကဆိုပါတယ်.

'' ၅ ရက်မြောက်နေ့ မသက်သာပါ ရှိသမျှ အလုပ်တွေ အကုန်ဖျက်ရ ပါပြီ 2018 နစ်ကုန်က ကံဆိုးမှု့များစွံာနဲ့ ဆေးရုံပေါ်မှာ ပေါ့ဗျာ ဝက်သက်ဖြစ်တာပါ လူလည်း အားမရှိတော့ပါ '' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် ဆေးရုံပေါ်မှာ အနားယူနေရတဲ့ သူ့ရဲ့ ဓာတ်ပုံကိုလည်း ပရိသတ်တွေ ဆီပြန်လည် မျှဝေပေးခဲ့ပါတယ်.

Photo: တိုင်ရွန်

တိုင်ရွန် အတွက် အမှတ်တရ ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်တဲ့ တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးထားတာဖြစ်ပြီး SG9 Flim Production က ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်၊ မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်နဲ့ လင်းဇာနည်ဇော် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ နိုဝင်ဘာလ အတွင်းက ရုံတင်ပြသခဲ့ြ့ပီး ဖြစ်ပါတယ်.

Photo: တိုင်ရွန်

တိုင်ရွန်ဟာ မကြာခဏဝေဖန်တိုက်ခိုက် ခံရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ တချို့ အကြောင်းအရာတွေ မှာ ဆိုရင် ပြန်လည်ဖြေရှင်းခဲ့တာမျိုးတွေ ရှိတဲ့အတွက် မရင့်ကျက်ခဲ့မိဘူးလို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' အနေအထိုင်မတတ်ဘူးဆိုတာကလည်း ကျွန်တော်ကိုယ်တိုင် မရင့်ကျက်တာပေါ့၊ တချို့ကိစ္စတွေကို ပြန်ရှင်းပြမိတယ်၊ တချို့ကိစ္စတွေမှာ လည်း ရိုင်းရိုင်းစိုင်းစိုင်းလေး ပြန်ပြောမိတာမျိုးရှိတယ်။ ဒါက အနေအထိုင်မတတ်တာလို့လည်း ပြောလို့ရတယ်။ သွားပြီးတော့ အဖတ်လုပ်မိ နေတာက ကျွန်တော်အနေအထိုင်မတတ်တာပါ'' လို့ သူကဆိုပါတယ်။

Photo; Grace

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။

Share

Loading Next Article...
က္က