သရေကျသွားချိန်မှာ လီဗာပူးအသင်းအနေနဲ့ မိမိတို့ ဝက်စ်ဟမ်းအသင်းကို ကြောက်ရွံ့သွားခဲ့ပြီး အနိုင်ဂိုး မသွင်းနိုင်ခဲ့တာကတော့ ကျွန်တော်တို့ ကံမကောင်းခဲ့ဘူးလို့ မာ့ခ်နိုဘယ်က ပြောခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ လီဗာပူး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ မိမိတို့အသင်းကို လီဗာပူး ကြောက်ရွံ့နေခဲ့တယ်လို့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်က ထုတ်ဖော်ပြောခဲ့တယ်လို့ Goal.comက ဖော်ပြပါတယ်။ ဆာဒီယိုမာနေး ဂိုးသွင်းချိန် ဂျိမ်းမီလ်နာ လူကျွံအနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတောာ့ ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဂျိမ်းမီလ်နာအနေနဲ့ ဘောလုံးကို ရယူခဲ့စဉ်မှာ လူကျွံနေခဲ့တာ ဖြစ်ပေမယ့်လည်း စည်းကြပ်ဒိုင်က အနီးဆုံး အနေအထားမှာရှိပြီး မြင်တွေ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
“ဇန်နဝါရီလက ကျွန်တော်တို့အတွက် အဆိုးရွားဆုံး လတစ်လပါပဲ၊ ဒီနေ့ပွဲ ကျွန်တော်တို့ အကောင်းဆုံး ခံကစားသွားနိုင်သလို အနိုင်ရဖို့လည်း ထိုက်တန်ခဲ့ပါတယ်။ လီဗာပူးအသင်းကို တစ်ဦးချင်း လူကပ် ကစားဖို့ မလွယ်ကူပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ အမြန်ရွှေ့ပြီး ဘောလုံးတွေကို တားဆီးခဲ့ရပါတယ်။အမှတ်ပေးဇယား ထိပ်ဆုံးကအသင်းနဲ့တွေ့ဆုံနေတာ ကျွန်တော်တို့ ကြောက်ရွံ့မိပါတယ်၊ သူတို့ အဖွင့်ဂိုးကို လူကျွံဘောကနေ ရသွားတာကတော့ အရမ်းကို စိတ်ပင်ပန်း လူပင်ပန်းဖြစ်စေပါတယ်၊ ဒါပေမယ့် ချက်ခြင်းဆိုသလို ချေပနိုင်ခဲ့ပြီး အနိုင်ဂိုး ထပ်မသွင်းနိုင်တာကတော့ ကံမကောင်းခဲ့ပါဘူး။” လို့ နိုဘယ်ကပွဲအပြီးမှာ sky sport ရုပ်သံကို ပြောသွားခဲ့တာပါ။
လီဗာပူးအနေနဲ့ အခုပွဲကို သရေသာ ကစားနိုင်ခဲ့လို့ ဒုတိယနေရာက မန်စီးတီးအသင်းကို ၃ မှတ်သာ အမှတ်ဖြတ်နိုင်ခဲ့ပြီး ဝက်စ်ဟမ်းကတော့ အဆင့် ၁၂ နေရာမှာ ရမှတ် ၃၂ မှတ်နဲ့ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။