ဝတ်မှုန်ရွှေရည် နဲ့ နဒီရွှေရည်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အကြောင်းတွေကို နဒီရွှေရည်က မီဒီယာတွေ ကနေ တဆင့် ပြောပြလာပါတယ်။ သူတို့ ညီအစ်မ နှစ်ယောက်က အသက် ၁၀ နှစ်ကွာတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် ဝတ်မှုန်ရွှေရည်မှာတော့ ချစ်စရာကောင်းတဲ့ ညီမလေး နဒီရွှေရည် ရှိပါတယ်။ နဒီရွှေရည်ဟာ အမေတစ်ယောက်လို အစ်မမျိုး ပိုင်ဆိုင်ထားတာကြောင့့် အရမ်းပျော်တယ်လို့ ဆိုပါတယ်။ ကိုယ်ရေး ကိုယ်တာ ကိစ္စတိုင်းကိုလည်း ညီအစ်မ နှစ်ယောက် တိုင်တိုင်ပင်ပင် ရှိကြ တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။
'' ညီအစ်မ နှစ်ယောက်ကတော့ တော်တော်များများ ကိစ္စတွေမှာ တိုင်ပင်ဖြစ်တယ်။ သူလည်း မေးတာတွေရှိသလို ကိုယ်လည်း မသိတာတွေ ရှိရင်သွားသွားမေးတယ်။ တိုင်ပင်တာတွေက တော်တော်များတော့ ဘယ်လို အမှတ်တရတွေ ရှိလဲ မစဉ်းစားတတ်တော့ဘူး'' လို့ သူက ဆိုပါတယ်။
Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
နဒီရွှေရည်နဲ့ ဝတ်မှုန်ရွှေရည်တို့ ညီအစ်မနှစ်ယောက်က အသက် ၁၀ နှစ်ကွာတယ်လို့ နဒီရွှေရည်ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ နဒီရွှေရည်ဟာ အခုဆိုရင်တော့ အိမ်ထောင်ပြုပြီးပြီ ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီး တစ်ဦးဆိုရင်လည်း မမှားပါ ဘူး။
'' အစ်မလို အစ်မမျိုးရထားတဲ့အတွက် ကံကောင်းပါတယ်။ တော်တော်ကံကောင်းပါတယ်။ ကိုယ့်အပေါ် အစစအရာရာ ပံ့ပိုးပေးနိုင်တယ်။ စိတ် ခွန်အားရော၊ အစစအရာရာပေါ့။ မမနဲ့က အသက် ၁၀ နှစ်လည်း ကွာတော့ ကိုယ့်ထက်စာရင် သူက ပိုရင့်ကျက်ပါတယ်။ တော်တော် ရင့်ကျက် တယ်လို့ ထင်ပါတယ်''
Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
ဝတ်မှုန်ရွှေရည်ရဲ့ အိမ်ထောင်ရေးအကြောင်းပြောလာတဲ့ မေမေဒေါ်မီမီလွင်
အစ်မဖြစ်သူ နဲ့ အတူ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေက အစ တိုင်တိုင်ပင်ပင်ရှိတယ် ဆိုတဲ့ နဒီရွှေရည်က ဝတ်မှုန်ရွှေရည်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ဖွင့်ဟ ပြောပြလာပါသေးတယ်။
'' အစ်မရဲ့ အိမ်ထောင်ရေးကတော့ သူ့သဘောပါ။ သူ့အပေါ် စိတ်ချမ်းသာအောင်ထားပြီး သူ့အပေါ် ကောင်းတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့ နော်။ ဒါပေမယ့်လည်း ကိုယ့်အစ်မဆိုတော့ နှမြောတာပေါ့'' ဆိုပြီးတော့ သြဂုတ်လ ၁၀ ရက်နေ့က ဝတ်မှုန်ရွှေရည်ရဲ့ အသက် ၃၀ ပြည့်မွေးနေ့ မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: ဝတ်မှုန်ရွှေရည် ဖေ့စ်ဘွတ်
သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့် ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။