အနုပညာအလုပ်တွေ အတူတူလုပ်လာကြသူတွေပါ။

ယုန်လေးက ရသကို သတိရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ လက်ရှိမှာ ယုန်လေးက ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo: ယုန်လေး



ရသနဲ့ ယုန်လေးတို့ဟာ ဂီတအလုပ်တွေကို အတူတူလုပ်ခဲ့ကြတဲ့ ဂီတညီအစ်ကိုတွေဖြစ်ကြပါတယ်။

‘’သတိရတယ် ရသ ရယ်။ မနှစ်က ကိုယ့်သမိုင်းလက်မှတ်ထိုးပွဲ လူတွေကုန်တဲ့အထိ ရုံထဲ ဝင်ပြီးတဲ့ အထိ ပရိသတ်အတွက်နေပေးခဲ့ပါတယ်။ Ice Cold က အားလုံးကို လိုက်နောက်နေတာအစ်ကို တစ်ပုံလောက်ဆိုတော့ မင်းIce Cold လားတဲ့ ဘေးကဝိုင်းပြောမှသိတယ်.. Ice Cold မှန်း။ ကိုယ့်သမိုင်း ၂ လည်း နောက် ၂ ပတ်လောက်ဆို MAHAR မှာကြည့်လို့ရပါပြီ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

အဆိုတော် ရသကတော့ မန္တလေးမြို့မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ ရသအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း အများကြီးပါ။

Photo: ယုန်လေး

ယုန်လေးက လက်ရှိမှာ အော်ရဂျင်နယ် ဂိုဏ်းစတား -4 ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးနေတာဖြစ်ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးပြီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ နောက်ဆုံး ရုံတင်ပြသခဲ့တဲ့ Speical -9 ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်မြင်မှု များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo: ယုန်လေး

ယုန်လေးကိုတော့ Rapper အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်အပေါ် ဝါသနာကြီးလွန်းတဲ့သူဖြစ်တာကြောင့် ရုပ်ရှင်လောကဘက်ကိုပါ ဆောင်ရွက်လာတာ ကိုတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က