ကိုယ်တိုင်ကလည်း သဘောကျခဲ့ပါတယ်။

ကျော်ကျော်ဗိုရဲ့ မျက်နှာ ပုံစံအနေအထား ပြောင်းလဲ သွားတာကတော့ နှာခေါင်းအရိုး ပြန်တည့်လိုက်လို့ပါတဲ့။ နှာခေါင်းကျိုး ထားတာ ကြာပြီ ဖြစ်လို့ ပရိသတ်တွေ သတိမထားမိသေးတာပါလို့ သူကပြောပါတယ်။ မကြာခင်က ဆေးလိပ်ဖြတ်ပြီးပုံနဲ့ ဆေး လိပ်မဖြတ်မီ ပုံ ဆိုတဲ့ Troll လေး တွေအပေါ်မှာလည်း သဘောကျတယ်လို့ သူကဆိုပါတယ်။

 

ကျော်ကျော်ဗိုရဲ့ မျက်နှာပုံစံအနေအထားပြောင်းလဲသွားတာကတော့ နှာခေါင်းကျိုးနေတာကို ပြန်တည့် လိုက်လို့ပါတဲ့။ ဦးလေးဖြစ်သူနဲ့အတူ ပြဇာတ်ကရင်း ဖိုက်တင်ခန်းမှာ ကျိုးသွားခဲ့တာပါလို့ ဆိုပါတယ်။ သူ့ရဲ့ နှာခေါင်းကိုတော့ မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့ ကိုရီးယား ဆရာဝန်နဲ့ ဆေးကုသမှုခံယူခဲ့တယ်လိ့ု သူကပြောပါတယ်။



'' နှာခေါင်းက အရိုးကျိုးထားတာကို ပြန်လုပ်ထားတာ ကြာတော့ ကြာပြီ။ နှာခေါင်းကျိုးတာက ဦးချမ်းနဲ့ ပြဇာတ်ကရင်း ဖိုက်တင်ခန်းမှာ တကယ် ထိုးမိလို့ ကျိုးထားတာ မင်းသားစဖြစ်တုန်းက နှာခေါင်းက ကျိုးပြီးတော့ နိမ့်နေတာ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ အဲ့ဒါနဲ့ ရွှေတောင်ကြားက ဆေးခန်းမှာ ကိုရီးယားဆရာဝန်လာတုန်း တခါတည်း လုပ်လိုက်တာ '' လို့ သူကဆိုပါတယ်။


 

မကြာခင်ကတည်း သူဆေးလိပ်ဖြတ်လိုက်လို့ ခန္ဓာကိုယ်၊ ရုပ်ရည်အပြောင်းအလဲ ဖြစ်သွားတဲ့အကြောင်းကို မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ ပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဆေးလိပ်ဖြတ်ပြီးချိန်၊ ဆေးလိပ်မဖြတ်ရသေးခင်အချိန် ဆိုတဲ့ ဟာသလေးတွေ ဖြစ်လာတဲ့ အပေါ်မှာလည်း ကျော်ကျော်ဗို ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

'' ကျွန်တော်က ဆေးလိပ်ဖြတ်လိုက်တယ်လို့ ပေါ့ပေါ့လေးပြောလိုက်ပေမယ့် ပြန့်သွားတာပေါ့နော်။ ကောင်းတော့ ကောင်းပါတယ် ဆေးလိပ် ဖြတ်ချင်တဲ့ သူတွေအတွက် ကျွန်တော်က အထောက်အကူပြု တစ်ခုဖြစ်သွားတာပေါ့။ ကျွန်တော့် Message ပြန့်သွားတာလည်း ကောင်းပါ တယ်။ ဆေးလိပ်ဖြတ်ချင်တဲ့သူ များသွားတော့ ကောင်းပါတယ်'' လို့ ဆိုပါတယ်။

ဆေးလိပ်ဖြတ်ပြီး အစားတွေပိုစားဖြစ်တယ်ဆိုတဲ့ ကျော်ကျော်ဗို 

ကျော်ကျော်ဗိုက သူ့ရဲ့ စကားတစ်ခွန်းက ပရိသတ်တွေအတွက် ရယ်စရာတစ်ခု ဖြစ်သွားမယ် ဆိုရင်လည်း ကျေနပ်ပါတယ်လို့ တုံ့ပြန်စကား ဆိုလာပါတယ်။ ဒါကတည်း တစ်ဖက်တစ်လမ်းကနေ ဖျော်ဖြေရေးတစ်ခုသဘော သက်ရောက်သွားတဲ့အတွက် ကိုယ်ကိုယ်တိုင်လည်း ပျော်ရ ပါတယ်လို့ သူကပြောပါတယ်။

'' ပရိသတ်တွေလည်း မပျင်းရတော့ဘူးပေါ့၊ အမြဲတမ်း News ကြီးပဲ ဖတ်နေရရင် ပျင်းစရာကောင်းတယ်လေ။ သူတို့အတွက် ရယ်စရာကောင်း တဲ့ အရာလေးတစ်ခုမှာ ပါဝင်ပတ်သက်ခွင့်ရတဲ့အတွက် ကောင်းပါတယ်။ ဒါကလည်း Entertainment တစ်ခုပါပဲ'' ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက်က Laday boy ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲက Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာပါ။

 

ကျော်ကျော်ဗိုဟာ အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး Lady boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်နဲ့ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ထိုင်းနိုင်ငံမှာ ရှိတဲ့ အနုပညာရှင်တွေ အပြင် ကျော်ကျော်ဗို၊ ပြေတီဦး၊ ခင်လှိုင်၊ ဂျိုကာ နဲ့ အိချောပို တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


 

Share

Loading Next Article...
က္က