နယ်တွေမှာဆို လာပြောကြတာတွေရှိတယ်။

ကျော်ကျော်ဗိုက သူ့ကိုယ်သူ ကောင်းစေချင်လို့ ဖန်တီးလိုက်တဲ့ '' ကျွန်တော်ရှက်လို့'' ဆိုတဲ့ ဗီဒီယို လေးကို အွန်လိုင်းပေါ်မှာ တင်လိုက်တဲ့အခါ ပရိသတ်တွေရော၊ အနုပညာလောကသားတွေကပါ အံ့သြခဲ့ရတယ်လို့ဆိုပါတယ်။ နောက်ထပ်ဖန်တီးမယ့် အနုပညာတွေကိုလည်း အကောင်းဆုံး ကြိုးစားမယ်လို့ သူကဆိုပါတယ်။



 

ကျော်ကျော်ဗိုဟာ မကြာခင်က သူကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ '' ကျွန်တော် ရှက်လို့'' ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ အောင်မြင်မှုအများကြီးရရှိခဲ့ပါတယ်။ ဒီလို ဇာတ်လမ်းတိုလေး ဖန်တီးဖြစ်ခဲ့တဲ့ ကျော်ကျော်ဗိုရဲ့ ခံစားချက်ကို လည်း Duwun Media ကနေ သီးသန့် ပြောပြခဲ့ပါတယ်။

'' ဒါတွေကလည်း ကျွန်တော့်ရင်ထဲက ခံစားမှုလေးတွေ၊ အားငယ်မှုလေးတွေကို ပရိသတ်ကိုပြောချင်တာ ရင်ဖွင့်တဲ့ သဘောပါ။ အပြင်မှာ တော့ ဒီလို ဆက်တိုက် အပြောမခံရဖူးပေမယ့် နယ်တွေသွားတဲ့အချိန်မှာတော့ ပြောကြတာမျိုးတွေရှိပါတယ်။ ပရိသတ်ကတော့ ဝေဖန်မှာ ပဲလေ ဒါလေးတွေက မှတ်ဉာဏ်ပြန်ခေါ်လိုက်ရင်တော့ ပြန်ထွက်လာမှာပါ'' လို့ ဆိုပါတယ်။

Photo: ကျော်ကျော်ဗိုဖေ့စ်ဘွတ်

 

'' ကျွန်တော်ရှက်လို့'' ဆိုတဲ့ ဇာတ်လမ်းတိုလေး ဖန်တီးပြီးတဲ့နောက်မှာလည်း အနုပညာလောကမှာရှိတဲ့ ညီအစ်ကိုမောင်နှမ နဲ့ သူငယ်ချင်း တွေ လည်း အံ့သြခဲ့ရတယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က Duwun Media ကို ဖြေဆိုခဲ့တာပါ။ သူကိုယ်တိုင်ကလည်း ကိုယ်တိုင်ခံစားလို့ရတဲ့ အနုပညာကိုပဲ ပရိသတ်ကို ချပြချင်တယ်လို့ ဆိုပါတယ်။

'' ဒါကို လုပ်လိုက်တဲ့ အတွက် ကျွန်တော့်သူငယ်ချင်းတွေကလည်း အံ့သြသွားကြမှာပါ။ ဒါကို ကျွန်တော် ဘာကြောင့် လုပ်သလဲ ဆိုတာကိုလည်း သူတို့ ဟာ တွေ၊ ဝါးခနဲ ဖြစ်သွားတာတွေရှိတယ်။ ကျွန်တော့် အနုပညာကိုလဲ ကျွန်တော်ကိုယ်တိုင် ကြိုက်မှ၊ ကိုယ့်အနုပညာကို ခံစားလို့ရမှ ပရိသတ်ကို ကြည့်ပါဗျာ၊ ကျွန်တော်ကိုယ်တိုင်တော့ ကြိုက်တယ် ပရိသတ်တွေရော ဘယ်လိုလဲလို့ပြောချင်တာ'' လို့သူကဆိုပါတယ်။

ကိုယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သူ များသွားတယ်ဆိုတဲ့ ကျော်ကျော်ဗို  

ကျော်ကျော်ဗိုက သူဖန်တီးလိုက်တဲ့ ဇာတ်လမ်းတိုလေးဟာ အနုပညာလောကအပေါ် သရော်လိုက်တဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ဆိုပါတယ်။ သူ့ရင်ထဲမှာ ခံစားနေရတဲ့ အရာတွေကို မီဒီယာတွေကနေ ပြောပြမယ့်အစား ဇာတ်လမ်းတိုလေးတစ်ခုအဖြစ် ဖန်တီးလိုက်တာပါလို့ သူကပြောပါတယ်။

''ဒါက သရော်တာမဟုတ်ပါဘူး။ အဓိက က ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းစေချင်လို့ လုပ်လိုက်တဲ့ Flim ဖြစ်တယ်။ လောကသားတွေ ကိုလည်း တချို့ ကဏ္ဍလေးတွေမှာ ကျွန်တော် ဖြစ်စေချင်တာပေါ့နော်။ ကျွန်တော် တင်ပြခဲ့တဲ့ Short Flim ထဲကအတိုင်း မဖြစ်အောင် အပြင်မှာ တင်းပြည့် ကျပ်ပြည့် ဖြစ်တဲ့ တင်ဆက်နိုင်ဖို့ ကြိုးစားရမှာပေါ့'' လို့ ဆိုပါတယ်။

Photo: ကျော်ကျော်ဗိုဖေ့စ်ဘွတ်

 

ကျော်ကျော်ဗိုဟာ အခုလက်ရှိမှာတော့ Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ ပူးပေါင်း ရိုက်ကူး မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် ကိုပေါက်က ရိုက်ကူးမှာဖြစ်ပြီး ပြေတီဦး၊ ကျော်ကျော်ဗို၊ အိချောပို၊ ခင်လှိုင် တို့လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က