အေသင်ချိူဆွေဟာ အရမ်းဝလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်အရှေ့ကို မထွက်ရဲခဲ့တဲ့ အချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေရဲ့ အလေး မထား တဲ့ ဆက်ဆံရေးတွေခံခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ အေသင်ချိုဆွေဟာ အရင်နဲ့မတူအောင်အပြောင်းလဲ ကြီးပြောင်းလဲ လာခဲ့ပါပြီ။ အဲ့ဒီအတွက်လည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်တဲ့အကြောင်းတွေ ပြောလာပါတယ်။
Photo: A Thin Cho Swe Facebook
အေသင်ချိုဆွေရဲ့ ခန္ဓာကိုယ်ကတော့ လုံးဝကို သိသိသာသာပြောင်းလဲသွားတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ပေါင် ၂၃၀ ကနေ ပေါင် ၁၆၀ ကျတဲ့အချိန်ထိ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။ အပေါင်းအသင်းတွေရဲ့ အလေးမထားဆက်ဆံခြင်းခံရတဲ့ အပေါ်မှာလည်း ခံစားမနေတော့ပဲ ခံယူချက် ပြင်းထန်တဲ့စိတ်နဲ့ ကြိုးစားခဲ့တဲ့ ကိုယ်ကိုယ်ကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
''ပေါင် ၂၃၀ ကနေ ပေါင် ၁၆၀ ထိ ရအောင်ချပစ်နိုင်ခဲ့တဲ့ကိုယ့်ကိုကိုယ် ကျေးဇူးတင်တယ်။ အရင်ကထက် ပိုပြီးခံယူချက်ပြင်းထန်ပြီး နေ့တိုင်း ကြိုးစားချင်နေတဲ့ ကိုယ့်ကိုကိုယ် ကျေးဇူးတင်တယ်။ သူငယ်ချင်း မိတ်ဆွေ တွေ ရဲ့ ဂရုမစိုက်ခြင်း အလေးမထားဆက်ဆံခြင်းတွေအပေါ်လိုက် ခံစားမနေတော့တဲ့ ကိုယ့်ကိုကိုယ် ကျေးဇူးတင်တယ်'' လို့ ဇူလိုင်လ ၆ ရက်နေ့ည ၁၁ နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ တာပါ။
အမုန်းဆုံးအပြောခံရတဲ့ စကားတစ်ခွန်းရှိတယ်ဆိုတဲ့ အေသင်ချိုဆွေ
Photo: A Thin Cho Swe Facebook
အေသင်ချိုဆွေဟာ အနုပညာအလုပ်တွေ ခဏတာ ရပ်နားထားတဲ့အချိန်တုန်းက သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို ဝခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ လိုအချိန်တွေတုန်းကလည်း အရမ်းကို စိတ်ဓာတ်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်ဓာတ်ကျစရာတွေထဲကမှ ကိုယ့်ကိုယ်ကိုယ် အရှုံးထဲက အမြတ်ထွက်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။
''နောက်ဆုံးတခု အရှုံးထဲက အမြတ်ထွက်အောင် လုပ်ပြနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် တကယ်ကျေးဇူးတင်တယ်။ အဆိုးရွားဆုံး အမှားတွေ လူတိုင်းမှားဖူးတယ်၊ ဘဝဆိုတဲ့ ခရီးက အမြဲတလွဲတွေနဲ့ပြည့်နှက်နေတာဘဲ။ အဲ့ဒီ တလွဲတွေကို မလွဲအောင်ဘယ်လိုလုပ်မလဲ ဆိုတာဘဲ နင်စဉ်းစားပါ၊ လွယ်လွယ်အရှုံးမပေးပါနဲ့'' လို့ သူကပြောပါတယ်။
အေသင်ချိုဆွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အချိန်မှာလည်း သူမဟာ ပရိသတ်တွေ မမှတ်မိနိုင်လောက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တယ် လို့ သိရပါတယ်။ အရင်ကထက် ပေါင်ချိန်များက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အဲ့ဒီခန္ဓာကိုယ်ကြောင့်ပဲ ပရိသတ်တွေရှေ့ ထွက်မလာဖြစ်ခဲ့တာလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုခဲ့ဖူးပါတယ်။