ကမ်းခြေမှာရိုက်ထားတဲ့ အလှပုံလေးတွေ အကြောင်းပြောပြလာတာပါ။

ကမ်းခြေမှာ ဝတ်တဲ့ ဖက်ရှင်လေးတွေကြောင့် ဝေဖန်မှုများစွာနဲ့ ကြုံတွေ့နေရတဲ့ Jenny က သူ့မျက်လုံးထဲမှာကြည့်လို့ ကောင်းတယ်လို့ထင် ခဲ့ပေမယ့် ပရိသတ်အတွက် ရိုင်းသလို ဖြစ်သွားတာတော့ စိတ်မကောင်းပါဘူးတဲ့။ ဒါကလည်း ကိုယ့်ကိုယ်ကို နာမည်ကြီးအောင်လုပ်နေတာ မဟုတ်ဘူးလို့ပြောပါတယ်။

Photo- Jenny Fb

 

ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ Jenny ဟာ မကြာခင်ကမှ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ကမ်းခြေမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ဖြစ်ခဲ့ ပါတယ်။ ဒီဓာတ်ပုံတွေဟာ သူငယ်ချင်းမိန်းကလေးတွေနဲ့ ခရီးသွားရင်းရိုက်ဖြစ်ခဲ့တဲ့အကြောင်း၊ နာမည်မရခင်ကတည်းက ရိုက်ပြီး တင်ခဲ့ တဲ့ ဓာတ်ပုံတွေဟာ အခုချိန်မှာ ပြဿနာတစ်ခုလိုဖြစ်သွားတဲ့ အတွက် စိတ်မကောင်းဘူးလို့ Duwun media ကနေပြောပြခဲ့ပါတယ်။

'' အဲ့ဒီတုန်းကလည်း ညီမက ဘာမှမဟုတ်သေးဘူး လူငယ်သဘာဝအရ ညီမပုံ ညီမလှတယ်ထင်လို့ တင်ခဲ့တာပေါ့။ ဒါပေမယ့် အခုချိန်မှာ လူတွေ သိလာကြတော့ ဒီပုံတွေက ပြဿနာတစ်ခုလို ဖြစ်သွားတယ်။ ညီမ မျက်လုံးထဲမှာတော့ အဲ့ဒီပုံတွေက ကြည့်လို့ ကောင်းတယ်၊ လှတယ်၊ တချို့တွေ မျက်လုံးထဲမှာ ရိုင်းသလို ဖြစ်သွားတာကတော့ စိတ်မကောင်းပါဘူး'' လို့ သူကဆိုပါတယ်။

Photo- Jenny Fb

 

အနုပညာအလုပ်တွေ ဘာမှ မလုပ်ရသေးပဲ ဝေဖန်ခံရတာမြင်တော့ စိတ်မကောင်းဘူးလို့ Jenny က ပြောပါတယ်။ ဝေဖန်ခံရခြင်းမှာလည်း လုံးဝကို စိတ်ဓာတ်ကျခဲ့တယ်လို့ပြောပါတယ်။ စိတ်ဓာတ်တွေ အရမ်းကျခဲ့လို့လည်း ဖေ့စ်ဘွတ်မသုံးနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ Panasonic နှစ် ၁၀၀ ပြည့်ပွဲကို တက်ရောက်ရင်း Duwun Mediia ကို သီးသန့်ဖြေဆိုခဲ့တာပါ။

''စစမြင်ချင်းကတော့ လုံးဝ စိတ်ဓာတ်ကျပြီး ဖေ့စ်ဘွတ်တွေ လည်း မသုံးနိုင်ဖြစ်ခဲ့တယ်။ ဒါကလည်း ညီမရဲ့ စိတ်ဓာတ်နဲ့ မို့လို့ တခြားလူ တစ်ယောက်သာဆိုရင် တစ်ခုခုဆိုလည်း အရမ်းတွေ Hit ဖြစ်နေတော့ ကိုယ့်ကိုယ်ကို သတ်သေ တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ လူ တစ်ယောက် ကို ပြောဆိုမယ်ဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ်ချင်းစာပြီးတော့ ပြောစေချင်ပါတယ်'' လို့ ဆိုပါတယ်။

Photo- Jenny Fb

လောလောဆယ်တော့ Single ပါလို့ဆိုလိုက်တဲ့ Jenny 

Jenny ဟာ ဒီလိုပုံတွေ ထွက်ပေါ်လာတာကလည်း ကိုယ့်ကိုယ်ကို နာမည်ကြီးအောင် လုပ်တာ မဟုတ်ပါဘူး၊ သူငယ်ချင်းတွေနဲ့ လွတ်လွတ် လပ်လပ်နေတဲ့ အကြောင်း၊ ဒီလို ဝတ်စားတာကလည်း သူတစ်ပါးအပေါ် မကောင်င်းတဲ့ စိတ်နဲ့လုပ်တာမဟုတ်ဘူးလို့ သူကပြောပါတယ်။

'' ညီမက လူမှုရေးဖောက်ပြန်နေတာလည်းမဟုတ်ဘူး။ သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်နဲ့လုပ်နေတာမျိုးလည်း မဟုတ်ဘူး ဒီပုံကိုလည်း ညီ်မအရမ်းရိုင်းတယ်လို့ မထင်ဘူး။ ဒီပုံကြီးက အရမ်းကြီး ပြဿနာတော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း အပြင်ထွက်ရင် တောင်မှ အတို ဝတ် ရင်တောင် ငါ ဓာတ်ပုံရိုက်ရမှာလားပေါ့ ကိုယ်ဝတ်တဲ့ အဝတ်အစားတွေကိုလည်း နည်းနည်းတော့ ဆင်ခြင်လာရတယ်'' လိ့ု ပြောပါတယ်။

Photo- Jenny Fb

 

Jenny ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဥပဒေပညာကို စတုတ္ထနှစ်မှာ တက်ရောက်ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။  သူ့အနေနဲ့ အနုပညာအလုပ်ထက် ပညာရေးအပိုင်းကို ပိုပြီးဦးစားပေးသွားမယ်လို့ ဆိုပါတယ်။သူ့ကိုတော့ အဆိုတော် ဇော်ပိုင်သီဆိုထားတဲ့ ပြည့်စုံလွန်း MTV လေးထဲကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။

 

Share

Loading Next Article...
က္က