မိတ်ကပ်အလှဖန်တီးရှင်မလေး ဟန်နာယူရီ (Hanna Yuri) က ၂၀၁၈ ခုနှစ်ထဲမှာ ချစ်သူထားမယ်လို့ စဉ်းစားတဲ့အကြောင်းပြောလာပါတယ်။ သူ့အနေနဲ့ အခုချိန်ထိတော့ စိတ်တိုင်းကျမတွေ့သေးဘူးလို့ ဆိုပါတယ်။ ကိုယ့်ရဲ့ စိတ်နဲ့ အံကိုက်ဖြစ်တဲ့သူက အဓိက ကျတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ချစ်သူကတော့ ၂၀၁၈ ခုနှစ်ကျရင် ရည်းစားထားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် မတွေ့ဘူး။ သူငယ်ချင်းတွေထဲ မှာလည်း မိတ်ဆက် ပေး ကြပါတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ ဂျီးများသွားတာလားလည်း မပြောတတ်ဘူး အခုချိန်ထိ တစ်ယောက်တည်းဖြစ်နေတာပါပဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးတာတော့ မဟုတ်ဘူး အဆင်ပြေမယ့်သူ မတွေ့သေးတာပါ'' လို့ဆိုပါတယ်။
ပေပေတေတေ အရက်သမားအဖြစ် မြင်ရမယ့် ကျော်ကျော်ဗို
Hanna Yuri ဟာ သူသတ်မှတ်ထားတဲ့ ချစ်သူအတွက် စံနှုန်းတွေ အများကြီးထား ထားတယ်လို့ ဆိုပါတယ်။ သူနဲ့ ပတ်သက်ပြီးတော့လည်း ဂုဏ်ယူစေရမယ်လို့ ဆိုပါတယ်။
'' အဓိက က အလုပ်ကိစ္စနဲ့ ၂ ရက် ၃ရက်လောက် ဖုန်းမဆက်ဘဲ ပစ်ထားရင်လည်း ပစ်ထားမှာပဲ။ အဓိက က ကိုယ်က သစ္စာရှိတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လုပ်ချင်တာလုပ်နေမှာ ညီမက နည်းနည်းတော့ အတ္တကြီးတယ် ကိုယ့်အလုပ်ကို ထိခိုက် ရင်မရဘူး။ အလုပ်မှ အလုပ်ပေါ့နော်။ ငါ့ကိုချစ်ရင် ဒီအလုပ်ကို စွန့်လွှတ်ဆိုရင်တော့ ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိုလည်း နားလည်ပေးရမယ်၊ ကိုယ့်အတွက်လည်း သူ ဂုဏ်ယူစေရမယ်ပေါ့နော်။ စံနှုန်းထားထားတာတွေကတော့ အများကြီးပဲ'' ဆိုပြီးတော့ ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကား ကြီးအထူးပြသပွဲကို တက်ရောက်လာရင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။
အခုချိန်အထိတော့ ချစ်သူထားဖို့အတွက် စိတ်တိုင်းကျ မတွေ့သေးဘူးလို့ ဆိုပါတယ်။
'' အမှန်အတိုင်းပြောရရင် ရည်းစားထားဖို့အတွက်စဉ်းစားသေးတယ်။ စိတ်တိုင်းကျ မတွေ့သေးတာပေါ့နော် ကိုယ်ကြိုက်တဲ့သူက ကိုယ့်ကိုမကြိုက် ဘူး၊ ကိုယ်မကြိုက်တဲ့သူကလည်း ကိုယ့်ကို မကြိုက်ဘူးဖြစ်နေတာပေါ့နော်။ ကိုယ့်စိတ်နဲ့ အံကိုက်ဖြစ်တဲ့ သူက အဓိက က နားလည်မှု ပေါ့နော်'' လို့ သူကပြောပါတယ်။
Hanna Yuri ဟာ နာမည်ကျော်အဆိုတော် Bunny Phyo ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။သူတို့ နှစ်ယောက် လမ်းခွဲလိုက်တဲ့ အချိန်မှာ ပရိသတ်အများစုရဲ့ အမျိုးမျိုးသော ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ Hanna Yuri ဟာ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သူ့ရဲ့ Speical Make up Effect တွေနဲ့ ပါဝင်ကူညီခဲ့တယ်လို့ သိရပါတယ်။