ဒီနေ့ကတော့ သူမရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ပပဝင်းခင်က ဒီနေ့ (ဇန်နဝါရီလ ၆ ) ရက်နေ့ မှာ ကျရောက်တဲ့ မွေးနေ့ မှာ ကုသိုလ်အကျိုးတွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်. သူမကတော့ အနုပညာအလုပ်ထက် စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာဖြစ်ပါတယ်.

သရုပ်ဆောင် ပပဝင်းခင်က ဇန်နဝါရီလ ၆ ရက်နေ့( ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့ ရက်မြတ်လေးကိုတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ရင်း ဖြတ်သန်းနေတာကို တွေ့ရပါတယ်.

''မွေးနေ့ ကိုယ်တိုင်ဆွမ်းချက်မြတ်စွာဘုရားရှင်အား ဆွမ်းကပ်လှူ သံဃာတော်များအား ဆွမ်းလောင်း. ဘုန်းကြီးကျောင်းသွား သံဃာတော်များ ဆွမ်းကပ်လှူဖေနဲ့မေ ကန်တော့'' ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေပ မနက် ၁၀ နာရီက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့် မွေးနေ့ ဆုတောင်းစကား တွေ ပြောထားပါသေးတယ်.

ပပဝင်းခင်က အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာ မိသားစုနဲ့အတူ စီးပွားရေးဘက်ကို ဇောက်ချလုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ သူမကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးပါ။ အခုချိန်ထိလည်း သူမရဲ့ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။

အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ပပဝင်းခင်က လူမှုကွန်ယက် စာမျက်နှာကနေ Comment လာပေးသူတိုင်းကို စကားပြန်ပြောလေ့လည်း ရှိပါတယ်။

အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြောပြလာတာမျိုး မရှိသေးပါဘူး။ စီးပွားရေး အလုပ်တွေ၊ ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်

Share

Loading Next Article...
က္က