ဒီနေ့ညမှာ လက်စားချေဖို့ ကြိုးစားရမှာပါ။

လီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရတုန်းက လီဗာပူးက တကယ်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ အချိန်ပို မိနစ် (၁၂၀) အထိ ကစားခဲ့ရပြီး ယူနိုက်တက်က ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



အဲ့ဒီပွဲမှာ လီဗာပူးတို့ မိနစ် (၉၀) အတွင်းမှာရော၊ အချိန်ပို မိနစ် (၁၂၀) ကစားနေချိန်မှာပါ ယူနိုက်တက်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ခဲ့တာကြောင့် လီဗာပူးတို့ အိုးထရက်ဖို့ဒ်မှာ ဒူးထောက်ခဲ့ရပြီး အက်ဖ်အေဖလားပြိုင်ပွဲကနေပါ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ တစ်ကျော့ပြန် ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲမတိုင်ခင်မှာ ကလော့ပ်က “အက်ဖ်အေဖလားပွဲတုန်းက ကျွန်တော်တို့ တကယ်ကောင်းခဲ့တာပါ။ ဒါပေမယ့် ပွဲကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ အချိန်ပို ဆက်ကစားလိုက်ရတာက ကျွန်တော်တို့အတွက် အရမ်းကိုများသွားခဲ့ပြီး သာမန်ပွဲကစားချိန်မှာ ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကို ထပ်မံကျူးလွန်မိခဲ့ပါတယ်”

“အဲ့ဒီနေ့က ကျွန်တော်တို့ အဲ့ဒီထက်ပိုပြီး မထိန်းချုပ်နိုင်ခဲ့တဲ့နောက် ယူနိုက်တက်က ပွဲကို အလှည့်အပြောင်းလုပ်သွားပါတယ်။ သူတို့က အိမ်ကွင်းမှာဆိုရင် ထိပ်တန်းအသင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပွဲကစားချိန် (၁၅) မိနစ်ကနေ မိနစ် (၇၀) အတွင်းကအတိုင်း တစ်ခုခုလုပ်နိုင်ခဲ့သင့်ပါတယ်”

“ဘောလုံးကမလွယ်ကူပါဘူး။ ကျွန်တော်တို့က ယူနိုက်တက်ကို ပြဿနာဖြစ်စေမယ့် နည်းလမ်းတွေကို ရှာဖွေရမှာဖြစ်ပြီး သူတို့လည်း အလားတူပဲ ကြိုးစားကြမှာပါ။ ဒီလိုပြိုင်ဘက်မျိုးနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်တဲ့အခါ တစ်ခုခုလိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က ပိုကောင်းအောင် ကစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က