လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှု  ဆောင်ရွက်နေတဲ့အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

အရင်အစိုးရ လက်ထက်က ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုခံရတဲ့အမှုဟာ ၁၁ မှုသာ ရှိခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ တရားစွဲခံရတဲ့အမှု ၁၃၉ မှုအထိရှိလာခဲ့တယ်လို့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှု  ဆောင်ရွက်နေတဲ့အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

 

Photo - အသံ

 

အခုအစိုးရလက်ထက်မှာ ဥပဒေမပြင်ဆင်ရသေးတဲ့အချိန်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၉၁ မှုရှိခဲ့ပြီး ဥပဒေပြင်ဆင်ပြီးချိန်မှာ  ၄၈ မှုအထိရှိခဲ့တယ်လို့ သိရပါတယ်။

အသံအဖွဲ့ကကောက်ခံရရှိတဲ့စာရင်းတွေအရတော့ ဆက်သွယ်ရေးဥပဒေနဲ့ တရားရုံးတင်ပြီး တရားစွဲဆိုခံရတဲ့အမှုဟာ စက်တင်ဘာ ၉ ရက်အထိ အမှုပေါင်း ၁၅၀ မှုအထိရှိလာပြီလို့ သိရပါတယ်။

 

Photo _ အသံ

 

အဆိုပါ အမှုပေါင်း ၁၅၀ ဟာ ဆက်သွယ်ရေးဥပဒေစတင်အသုံးပြုတဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ စက်တင်ဘာလ ၉ ရက်အထိ ကောက်ခံရရှိတဲ့စာရင်းတွေဖြစ်တယ်လို့ အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ဓူဝံမီဒီယာကိုပြောပါတယ်။

လက်ရှိမှာ သတင်းမီဒီယာသမားတွေကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားမှုက ၁၉ မှုအထိရှိနေပြီး တရားရင်ဆိုင်နေရတဲ့သတင်းသမား ၂၇ ဦးအထိ ရှိနေတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

Photo - အသံ

 

ဒါ့အပြင် ဥပဒေပြင်ဆင်ပြီး တရားစွဲဆိုခံရတဲ့အမှုတွေထဲက ၁၇ မှုမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေက တရားစွဲဆိုထားခဲ့တဲ့အမှုတွေဖြစ်တယ်လို့ဆိုပါတယ်။

ဥပဒေပြင်ဆင်ပြီး နောက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် တို့နဲ့ပတ်သက်ပြီး ကြားလူတွေက တရားစွဲဆိုတဲ့အမှုတွေတော့ မတွေ့ရှိရတော့ကြောင်း အသံအဖွဲ့ကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က