ကျောင်းတွေမှာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်တဲ့။

ခိုင်နှင်းဝေဟာ သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ပညာပေး ဟောပြောပွဲတွေကို စာသင်ကျောင်းတွေမှာ ပညာပေးအနေ နဲ့ ဆွေးနွေးတာ တွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ကလေးငယ်တွေအနေနဲ့ ကိုယ့် ကိုယ်ကို ကာကွယ်သွားနိုင်မယ့် အချက်တွေ ကို ရုပ်ပြစာအုပ်တွေနဲ့ လေ့လာနိုင်ဖို့ ကျောင်းစာကြည့်တိုက်တွေမှာ လှူဒါန်းခဲ့ ပါတယ်။



Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေဟာ သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ပညာပေး ဟောပြောပွဲတွေကို စက်တင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင်းမှာရှိတဲ့ စာသင်ကျောင်းတချို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံထားရတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

'' အထက ၄ ဗိုလ်တထောင်မြို့နယ် နှင့် အထက ၁ ဒေါပုံ မြို့နယ် တို့မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေး နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။ အခုလိုမျိုး ဆွေးနွေးပွဲလေးတွေ များပြားလာခြင်းဖြင့် ကလေးလေးတွေ မသိ သေးတဲ့ သတိပြုသင့်တဲ့အချက်လေးတွေအများကြီးပြောပြခွင့်ရခဲ့တယ်'' လို့ သူကဆိုပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်သွားနိုင်မယ့် အချက်တွေကို ရုပ်ပြစာအုပ်တွေနဲ့ လေ့လာနိုင်ဖို့ ကျောင်းစာကြည့်တိုက်တွေမှာလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

''ကလေးတွေရဲ့ အားလပ်ချိန်တွေမှာ လေ့လာနိုင်ဖို့ ကလေးသူငယ်များနှင့်ဆိုင်သောသိမှတ်ဖွယ်ရာများ ကလေးအခွင့်အရေး ဆိုင်ရာ လေ့လာ စရာများ ကလေးလူကုန်ကူးမှုတားဆီးရေး ရုပ်ပြစာအုပ်များ ကိုစာကြည့်တိုက်များမှာလေ့လာနိုင်ရန်လှူဒါန်းခွင့် ရခဲ့လို့ အရမ်းဝမ်းသာ မိပါ တယ်။ကလေးလေးတွေက အရမ်းထက်မြက်ကြပြီးချစ်ဖို့လည်းကောင်းကြတယ် သူတို့သိချင်လို့ ထမေးကြတဲ့ မေးခွန်း တွေကလည်း သိပ် ကောင်း ကြလို့ ချီးကျူးပီတိဖြစ်မိပါတယ်'' လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

လဲကျသူတွေကို ပြန်ထနိုင်ဖို့ အားပေးစကားဆိုခဲ့တဲ့ ခိုင်နှင်းဝေ 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက် ပေး ဖြစ ်တယ် လို့ သိရပါတယ်။

Photo: ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က