ပထမအကျော့တုန်းက ဘာစီလိုနာက ၃-၀ နဲ့ အနိုင်ယူထားပါတယ်။

လီဗာပူးကစားသမားတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ်နဲ့ ကော်တင်ဟိုတို့ ၂ ဦးကတော့ အန်ဖီးလ်ကို ခြေပြန်ချရတော့မှာ ဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် (ဗုဒ္ဓဟူး နံနက် ၁ နာရီခွဲ)မှာတော့ လီဗာပူးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ချန်ပီ ယံလိဂ် ဆီမီးဖိုင်နယ်ဒု-ကျော့အဖြစ် လီဗာပူးအသင်း အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။



ပထမအကျော့ ဘာစီလိုနာ အိမ်ကွင်းမှာ ကစားခဲ့စဉ်က ဘာစီလိုနာအသင်းက ၃-၀ နဲ့ လီဗာပူးကို အနိုင်ယူထား လို့ ဗိုလ်လုပွဲကိုတော့ ဘာစီလိုနာက ပိုမို အသာစီးရယူထားနိုင်ပါတယ်။ အခု ဒုတိယအကျော့ မကစားခင်မှာလည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို Sportskeeda သတင်းဌာ နက ဖော်ပြလာပြီး ပရိသတ်တွေအနေနဲ့ ဒီညပွဲမကြည့်ခင်မှာ သိထားဖို့တော့ လိုမယ်နော်….။

၁။ လီဗာပူးအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ကာကီယာ

ဒီကွင်းလယ်ဒိုင်ကတော့ လီဗာပူးအသင်းကို ဒေါ့မွန်အသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၆ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲမှာ တာဝန်ယူခဲ့ဖူးသလို ဒီနှစ် ၂၀၁၈-၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးက ပီအက်စ်ဂျီကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တာဝန်ယူခဲ့သူ ဖြစ်လို့ လီဗာပူးအတွက်တော့ ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ ကွင်းလယ်ဒိုင်လို့ ပြောရမှာ ဖြစ်ပါတယ်။

၂။ အိမ်ကွင်း အစဉ်အလာ

လီဗာပူးအသင်းဟာအန်ဖီးမှာ နောက်ဆုံး ကစားထားတဲ့ ဥရောပပွဲ ၂၆ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ထားပြီး အိမ်ကွင်း ၂၁ ပွဲမှာတော့ ရှုံးပွဲလုံးဝမရှိထားပဲ ၁၅ ပွဲနိုင် ၆ ပွဲသရေ ကစားထားနိုင်တာတွေ့ရပါတယ်။ အဆိုပါ ၂၁ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၂ ပွဲသာ ရှိခဲ့ပြီး မနှစ်က ပေါ်တိုနဲ့ပွဲနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေဖြစ်ပါတယ်။

ဥရောပအဆင့် ဆီမီးဖိုင်နယ် ပွဲစဉ် ၁၈ ပွဲကို အိမ်ကွင်း အန်ဖီးမှာ ကစားထားပြီး ၁၄ ပွဲနိုင် ၃ ပွဲသရေကျကာ ၁ ပွဲသာ ရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲစဉ် ၁၀ ပွဲမှာ ၉ ပွဲက အနိုင်ရပြီး ၁၉၇၆ တုန်းက ဘာစီလိုနာနဲ့ ကစားခဲ့စဉ်ကသာ သရေကျထားတာ ဖြစ်ပါတယ်။

၃။ မှတ်တိုင်တစ်ခုကို ရောက်မယ့် ဗန်ဒိုက်

ဒီညပွဲကို ဗန်ဒိုက် ပါဝင်ကစားနိုင်ခဲ့မယ်ဆိုရင် လီဗာပူးအသင်းနဲ့အတူ ပွဲပေါင်း ၁၅၀ ကိုပါဝင်ကစားပေးနိုင်ခဲ့ပြီ ဖြစ်သလို ဥရောပ ပြိုင်ပွဲကိုလည်း ပွဲ ၅၀ မြောက် အဖြစ် ကစားခွင့်ရမှာ ဖြစ်ပါတယ်။

၄။ မှတ်တမ်းကောင်းတွေနဲ့ မက်ဆီ

အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံထားတဲ့ ၃၃ ကြိမ်မှာမက်ဆီက ၂၆ ဂိုးအထိသွင်းထားပြီး တစ်သင်းကို နှစ်ဂိုးနှင့် အထက် သွင်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ် ၉ ပွဲ ကစားထားရာမှာလည်း ၁၂ ဂိုးအထိ သွင်းထားပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ပထမကျော့တုန်းက လီဗာပူး ဖက်ကိုသွင်းတဲ့ ဒုတိယမြောက်ဂိုးက ဘာစီလိုနာအတွက် ဂိုး ၆၀၀ ပြည့်ခဲ့သလို ဒီနှစ်မှာ တွေ့ဆုံထားတဲ့ ၄၆ သင်းမှာ ၄၈ ဂိုးထိသွင်းထားနိုင်ကာ ဟက်ထရစ်က ၄ ကြမ်ပါဝင်ထားသူပါ။

၅။ အန်ဖီးလ်ကို ခြေပြန်ချမယ့် ဆွာရက်ဇ်နဲ့ကော်တင်ဟို

ဆွာရက်ဇ်က လီဗာပူးအတွက် ၁၃၃ ပွဲကစားပေးခဲ့ပြီး ၈၂ ဂိုးသွင်းယူပေးခဲ့ကာ ဥရောပ သွင်းဂိုး ၈ ဂိုး သွင်းယူပေးနိုင်ခဲ့သူပါ၊ဒါပမေယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကိုတော့ လီဗာပူးနဲ့အတူ မကစားနိုင်ခဲ့ပဲ ဘာစီလိုနာကို ပြောင်းသွားခဲ့တာပါ။ ကော်တင်ဟိုကတော့ ၂၀၁ ကြိမ် ကစားပေးခဲ့ပြီး ၅၄ ဂိုးသွင်းကာ ၇ ဂိုးက ဥရောပပွဲ ၂၄ ပွဲမှာ သွင်းပေးခဲ့တာပါ။ ဒီနှစ်မှာတော့ ဥရောပသွင်းဂိုး ၃ ဂိုးသွင်းထားပြီး ၂ ဂိုးကတော့ စပါးနဲ့ မန်ယူအသင်းတွေဖက်ကို သွင်းယူထား တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က